လှိုင်းဘွဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ဒုတိယအကြိမ် မဲစာရင်း ကပ်ထားကြေညာ ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

လှိုင်းဘွဲ၊   အောက်တိုဘာ ၅

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက် ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် လှိုင်းဘွဲမြို့နယ်အတွင်းရှိ မဲဆန္ဒနယ်မြေများတွင် ဆန္ဒမဲစာရင်းများ ဒုတိယအကြိမ် ကပ်ထား ကြေညာ ထားရှိမှု အခြေအနေများကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ယမန်နေ့က ကျေးရွာအရောက် ကွင်းဆင်းကြည့်ရှု စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ကွမ်တာ၊ သာယာကုန်း၊ ရွှေဂွန်း၊ အင်းနို့သိပ္ပံ၊ ကြို့ချောင်း၊ တခင်းလုံ၊ ကျုံပကိုနှင့် တဝန်ဖန်ရ ကျေးရွာများရှိ မဲဆန္ဒနယ်မြေများ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် များ၏ စာရင်းများကို ဒုတိယအကြိမ်ကပ်ထားကြေညာထားရှိမှု အခြေအနေ၊  ကိုဗစ်-၁၉ ရောဂါကာလ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ညွှန်ကြားချက် များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူများ အကျယ်တဝင့် သိရှိနိုင်စေရန်အတွက် လိုက်လံ နှိုးဆော်ပေးရန်နှင့် ဒုတိယအကြိမ်ကပ်ထား ကြေညာမှုမှာ မဲဆန္ဒရှင်များ ပြင်ဆင်/ဖြည့်စွက်မှု ရှိပါက အောက်တိုဘာလ(၁)ရက် နေ့မှ(၁၄)ရက် အတွင်း စနစ်တကျ အမြန်ဆုံး ဖြည့်ဆည်း ဆောင်ရွက် ပေးကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)