တပ်ကုန်းမြို့၌ ဆိုင်းဂီတပညာရှင်များအား ထောက်ပံ့ကြေးငွေပေးအပ်

ကိုဗစ်-၁၉ ကာလတွင် နေပြည်တော် တပ်ကုန်းမြို့နယ် ဆိုင်းဂီတပညာရှင်အဖွဲ့သားများ ဆိုင်းအငှားလိုက်ခြင်း လုပ်ငန်းများ ရပ်ဆိုင်းထားခဲ့ရသဖြင့် မိသားစု စားဝတ်နေရေးအတွက် အ ထောက်အကူဖြစ်စေရန် ရည်ရွယ်ကာ မြန်မာနိုင်ငံဆိုင်းဂီတအသင်းဗဟိုမှ ထောက်ပံ့ကြေးငွေ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဆရာစံရပ်ကွက်၊ ဆိုင်းဆရာကြီး ဦးရှိုင်းဗိုလ် အိမ်တွင် ကျင်းပသည်။

ရွှေသောင်ယံမြို့၌ ပြောင်းအထွက်နှုန်းကောင်း၍ ပြောင်းစိုက်တောင်သူများ အဆင်ပြေ

ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယခုနှစ်တောင်ယာလုပ်ငန်း လုပ်ကိုင်ကြသော တောင်သူများ မှာ ယခင်နှစ်ကထက် အသီးအနှံများ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်းသိရသည်။

လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၏ ကွပ်ကဲမှုဖြင့် ရပ်ကွက်(၉) ရပ်ကွက်၊ ကျေးရွာအုပ်စု(၅)အုပ်စုနှင့် ကျေးရွာခွဲများတွင် ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၇ ရက်နေ့အထိ နံနက်(၉)နာရီမှ ည(၉) နာရီအချိန်ထိ မဲဆန္ဒရှင်စာရင်းများ ကပ်ထား ကြေညာထားပြီးဖြစ်သည်။

တန့်ယန်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်နှင့် ပိုစတာများ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ - ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ထုတ်ဝေထားသော အသိပညာပေး လက်ကမ်း စာစောင်နှင့် ပိုစတာများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက မြို့မစျေးကြီးနှင့် ဗိုလ်ချုပ်လမ်းတို့တွင် အခမဲ့ ဖြန့်ဝေခဲ့ကြသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် မဲရုံ ၁၅၄ ရုံရှိပြီး မဲဆန္ဒရှင် ၁၅၀၀၀၀ ခန့်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများ၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင် ၂၅ ရက်နေ့မှ ဩဂုတ် ၇ ရက်အထိ ကြေညာထားမည်ဖြစ်ရာ မဲဆန္ဒရှင်များ လာရောက်ကြည့်ရှုလျက်ရှိသည်။

မင်းဘူး(စကု)မြို့နယ်တွင် လတ်တလော မိုးရွာသွန်းမှုများကြောင့် နှံစားပြောင်းပင်များ ရှင်သန်ကြီးထွားလာ

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်တွင် နှံစားပြောင်း သီးနှံစိုက်ခင်းများ စိုက်ပျိုးထားသော်လည်း ဇွန်လနှင့် ဇူလိုင်လများ၌ မိုးရွာသွန်းမှု မရှိဘဲ မိုးခေါင်နေသောကြောင့် နှံစားပြောင်းပင်များမှာ အရောင်ဝါပြီး ကြုံလှီဖျော့တော့ကာ ဩဂုတ်လထဲ ရောက်ခါမှ လတ်တလော မိုးရွာသွန်းမှုများကြောင့် စိမ်းစိုလန်းဆန်းပြီး အပင်များ ဖွင့်ဖြိုးကြီးထွားလာကြောင်း မန်းကျိုးကျေးရွာ နှံစားပြောင်းစိုက် တောင်သူများထံမှ သိရသည်။

အုတ်တွင်းမြို့တွင်(၁)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် မိခင်နှင့်ကလေးကျန်းမားရေးဌာနက မြို့နယ် အတွင်းရှိ အသက်(၁)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့၊ ဈေးရပ်ကွက်အတွင်းရှိ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးခဲ့သည်။

ရေဇွာ၌ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့၌ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန် ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဆောင်ရွက်ခဲ့​​ကြောင်း သိရသည်။
Subscribe to