မိုင်းတုံမြို့၌ mask၊ လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများအခမဲ့ဖြန့်ဝေခြင်း၊ မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုနှင့် မဲရုံလျာထားနေရာများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ mask ၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများ အခမဲ့ဖြန့်ဝေခြင်း၊ မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုနှင့် မဲရုံလျာထားနေရာများ ကွင်းဆင်းကြည့်ရှုစစ်ဆေးကို ယနေ့နံနက် ၆ နာရီခွဲက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။