ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အသက် ၈၀နှင့် ၈၅နှစ် ​ အတွင်းရှိ အဘိုးအဘွားများအား ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အသက်၈၀ နှင့် ၈၅ နှစ်ကြား အဘိုးအဘွားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေများအား ယနေ့နံနက်ပိုင်းက အမှတ်(၁၂၅၊ ၁၅၆) ရပ်ကွက်ရှိ ဘိုးဘွားများ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်း (ဒုတိယအကြိမ်) ထုတ်ပြန်ကြေညာ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် (ဒုတိယအကြိမ်) မဲဆန္ဒရှင် စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့မှစတင်၍ ကြေညာထားကြောင်း သိရသည်။

တောင်ငူ၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် တောင်ငူမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများနောက်ဆုံးအကြိမ်အဖြစ် ကပ်ထားကြေညာခြင်းကို တောင်ငူမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြောင်း ပြည်သူများသိရှိစေရန် လော်စပီကာဖြင့်နှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း လုပ်ငန်းများကို ယနေ့  နံနက်ပိုင်းတွင် မြို့ပေါ်စျေးများ၊ မြို့တွင်း လမ်းဆုံနေရာများတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိသည်။

မြဝတီမြို့နယ်၌ မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲ ၈၃ ဦးအား သင်တန်းပေး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲ ၈၃ ဦးအား အောက်တိုဘာလ ၁ ရက်နေ့မှစတင်ပြီး မဲရုံလုံခြုံရေး ဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မိုင်းငေါ့မြို့တွင် စားသောက်ဆိုင်များအားလုံး Take-away (ပါဆယ်)စနစ်ဖြင့် ရောင်းချစေရေး ဒုတိယအကြိမ်ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့အတွင်းရှိဖွင့်လှစ်ရောင်းချလျက်ရှိ သောစားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချနိုင်ရေးအတွက် ယနေ့ နံနက်(၁၁) နာရီအချိန်ခန့်က မိုင်းငေါ့မြို့စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ချောင်ကြီးတိုက်နယ်ဆေးရုံတွင် ကိုဗစ် အတည်ပြုလူနာများ ထားရှိရန် အဆင်သင့် ပြင်ဆင်ထားရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ချောင်ကြီးအုပ်စု ချောင်ကြီးတိုက်နယ် ဆေးရုံတွင် ကိုဗစ် -၁၉ အတည်ပြုလူနာ ရောဂါလက္ခဏာမပြသူများအား တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီထားရှိရန် ယမန်နေ့ ညနေ ၄ နာရီအချိန်က သွားရောက်ပြင်ဆင် ထားရှိကြောင်း သိရသည်။

လှည်းကူးမြို့နယ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ Test Kit ဖြင့်  စစ်ဆေးမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့အစပ်နေရာဖြစ်သော ရန်ကုန်-ပဲခူးလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၃၂)ရှိ လှည်းကူးမြို့နယ် မင်းလွင်ကုန်းကျေးရွာ ဝမ်းဘောဒတ်တံတားအနီးတွင် ရန်ကုန်တိုင်းဒေသကြီးဘက်မှ ပဲခူးတိုင်းဒေသကြီးအပါအဝင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဖြတ်သန်းသွားလာမည့် ကုန်တင်ယာဉ်များပေါ်ရှိ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုမရှိစေရန် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိ Test Kit ဖြင့် ပူးပေါင်းစစ်ဆေး လျက်ရှိရာ အောက်တိုဘာ(၅)ရက် နံနက်(၆)နာရီခွဲမှ နေ့လည် ၁၂ နာရီခွဲအချိန်ထိ ကုန်တင်ယာဉ်(၃၅)စီး စစ်ဆေးခဲ့ပြီးချိန်တွင်  ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ သူ(၄)ဦးနှင့် ထိစပ်သူ(၂)ဦးတွေ့ရှိခဲ့ကြောင်း သိရသည်။

ငွေဆောင်မြို့အဝင်ဂိတ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ဆောင်ရွက်နေမှုများကွင်းဆင်း စစ်ဆေး

ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်မှုမရှိစေရေးအတွက် မြို့အဝင်စစ်ဆေးရေးဂိတ်တွင် တာဝန်ကျဝန်ထမ်းများ၏ ဆောင်ရွက်နေမှုများကို ယနေ့ နံနက် ၇ နာရီချိန်တွင် ငွေဆောင်မြို့အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏဝင်းက သွားရောက် စစ်ဆေးခဲ့ကြောင်း သိရ သည်။

သီပေါမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းကြီးလောင်းလှူပွဲကို လူစုလူဝေးနှင့် ကျင်းပခြင်းမပြုဘဲ ရိုးရာမပျက်သာ ဆောင်ရွက်သွားမည်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၏ အထင်ကရ ဘာသာရေးပွဲတော်တစ်ခု ဖြစ်သည့် ရှေးနှစ်ပေါင်း ၁၅၀ကျော်က အစဉ်အလာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သော မဟာမြတ်မုနိဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၅)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းပွဲတော်ကြီးကို ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် ယခုနှစ်တွင် လူစုလူဝေးနှင့် ကျင်းပမည်မဟုတ်ကြောင်း မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တမိလိန္ဒ အရှင်သူမြတ်နှင့် မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းထံမှ သိရသည်။

သန်လျင်မြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ လေအေးပေးစက်များ ပေးအပ်လှူဒါန်း

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ရှိ အထွေထွေရောဂါကု ဆေးရုံကြီးသို့ We Love Yangon လူထုအခြေပြု ပရဟိတအဖွဲ့နှင့် အလှူရှင်များ စုပေါင်း၍ လေအေးပေးစက်များ လှူဒါန်းပွဲကို ယမန်နေ့နံနက်တွင် သန်လျင်အထွေထွေရောဂါကုဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to