ဟားခါးမြို့၌ ဆင်းရဲနွမ်းပါးပြီး ကျေးလက်ဒေသမှ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံလာရောက် ကုသမှု ခံယူသူများ အခမဲ့တည်းခိုနိုင်သည့် ဧည်ရိပ်သာဖွင့်လှစ်

ဟားခါးမြို့၌ ဆင်းရဲနွမ်းပါးပြီး ကျေးလက်ဒေသမှ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံလာရောက် ကုသမှုခံယူသူများ အခမဲ့တည်းခိုနိုင်သည့် ဧည်ရိပ်သာကို အောက်တိုဘာ ၁ ရက်နေ့မှစ၍ မျော်လင့်ခြင်းသွေးလှူရှင်အသင်း(ဟားခါး)ကို တည်ထောင်သူ ဦးကျုံဟူးက ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဖြူးမြို့နယ်တွင်ဒုတိယအကြိမ် မဲစာရင်းကပ်ထား ကြေငြာထားမှုအား ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့် ဖြူးမြို့နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ ကော်မတီအဖွဲ့ဝင်များသည် စက်တင်ဘာလ ၆ ရက်နေ့ နံနက် (၁၀)နာရီတွင် ဖြူးမြို့နယ်အတွင်းရှိ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဒုတိယအကြိမ် (နောက်ဆုံးအကြိမ်)  မဲစာရင်းကပ်ထား ကြေငြာထား မှုအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ အဝင်/အထွက်ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ခရီးသွား ပြည်သူများအား ကျန်းမာရေး စစ်ဆေးခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်စည်းကမ်းများ လိုက်နာရေး အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ကြောင်း သိရ သည်။

မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း (Mask)များ ချက်ချင်းဝယ်ချက်ချင်းတပ်စနစ်ဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်

လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၆ နာရီ အချိန်က လူသွားလူလာများသည့် လမ်းဆုံလမ်းဂွနေရာများ၊ စည်ပင်သာယာမြို့မစျေးကြီးရှေ့၊ မြို့အဝင်စစ်ဆေးရေးဂိတ်နှင့် မြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသော ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းရှိ/မရှိ ကိုမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာ စာရေး ဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာများတွင် တာဝန်ထမ်းဆောင်နေသော စာရေးဝန်ထမ်းများ အား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် ငွေများထပ်ဆင့်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အလှူငွေများ ပေးအပ်လှူဒါန်း

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများ မရှိစေရေးအတွက် ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိပြီး ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ ညနေပိုင်းက အ.ထ.က(ထန်းတပင်) အသွားအလာ ကန့်သတ် စောင့်ကြည့်ရေး စင်တာရှေ့တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မိုးမိတ်မြို့ နယ်တွင် ကုန်တင်ယာဉ်မောင်းများအား နှာခေါင်း/အာခေါင် တို့ဖတ်ရယူခြင်းနှင့် ကိုဗစ်-၁၉ ပိုးတွေ့ဓာတ်ခွဲအတည်ပြုလူနာများနှင့်ထိတွေ့မှုရှိခဲ့သူများအား ဒုတိယအကြိမ်နှာခေါင်း/အာခေါင် တို့ဖတ်ရယူ

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် တားဆီးရေး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကုန်တင်ယာဉ်မောင်းများအား နှာခေါင်း/ အာခေါင် တို့ဖတ်ရယူခြင်းနှင့် ကိုဗစ်-၁၉ ပိုးတွေ့ ဓါတ်ခွဲအတည်ပြု လူနာများနှင့် ထိတွေ့မှုရှိခဲ့သူများအား ဒုတိယအကြိမ် (နှာခေါင်း/အာခေါင်) တို့ဖတ်ရယူခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်စည်ပင် သာယာခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းရယ်-ကျေးသီးလမ်း နမ့်ကျိချောင်းပေါ်ရှိ လမ်းပိုင်း ယာယီပိတ်ဆို့မှုဖြစ်ပွား

မိုင်းရယ်မြို့နယ် နားလီကျေးရွာအနီးရှိ မိုင်းရယ်-ကျေးသီးကားလမ်း မိုင်တိုင် (၅၀/၁)နှင့် (၅၀/၂)ကြားရှိ နမ့်ကျိချောင်းပေါ်တွင်ရှိသည့် လမ်းပိုင်းသည် မိုးသည်းထန်းစွာရွာသွန်းပါက နှစ်စဉ် ရေကျော်မှုများဖြစ်ပွားသည့် နေရာဖြစ်သည်။

စဉ့်ကိုင်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၀ပြည်နှစ် နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ယမန်နေ့ နံနက်(၁၀)ခွဲက မြို့နယ်ရွေးကေက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
Subscribe to