မိုင်းတုံမြို့၌ mask၊ လက်ကမ်းစာ‌စောင်နှင့် နံရံကပ်ပိုစတာများအခမဲ့ဖြန့်ဝေခြင်း၊ မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုနှင့် မဲရုံလျာထားနေရာများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မိုင်းတုံ  အောက်တိုဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်‌ကော်မရှင်အဖွဲ့ခွဲမှ mask ၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများ အခမဲ့ဖြန့်ဝေခြင်း၊  မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုနှင့် မဲရုံလျာထားနေရာများ ကွင်းဆင်းကြည့်ရှုစစ်ဆေးကို  ယနေ့နံနက် ၆ နာရီခွဲက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ  ဦးအောင်မြင့်ဦးနှင့်အဖွဲ့ဝင်များသည် Mask (၂၅၀)ခု၊ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်(၅၀၀)စောင်နှင့် နံရံကပ်ပိုစတာ(၅၀)ခုတို့ကို မြို့မဈေးအတွင်း စျေးရောင်းဈေးဝယ်လာသူများ၊ မြို့တွင်းဖြတ်သန်းသွားလာသော ဒေသခံပြည်သူများနှင့် ဈေးဆိုင်များသို့ အခမဲ့ဖြန့်ဝေပေးသည်။

ထို့နောက် နိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်နှင့်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုနှင့် မဲရုံတည်ဆောက်ရန်လျာထားသည့်နေရာများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဝင်းဝင်းခိုင်(ပြန်/ဆက်)