မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် "ကလေးသူငယ်အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက် ရေး ဥပဒေ " အသိပညာပေး( Talk Show )ကို အွန်လိုင်းမှ ထုတ်လွှင့်
ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုများဖြစ်ပေါ်နေသည့်ကာလအတွင်း ကျိုက်မရောမြို့နယ် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်ကို ယာယီပိတ်ထားစဉ်ကာလအတွင်း စာဖတ် ပရိတ်သတ်များနှင့် ကလေးငယ်များ အသိပညာ ဗဟုသုတတိုးပွားစေရန်အတွက် အသိပညာပေးလုပ် ငန်းများကို အွန်လိုင်းပေါ်မှ တစ်ဆင့်ထုတ်လွှင့်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက ကလေးသူငယ် အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ဥပဒေ အသိပညာ ပေး(Talk Show) ကို လူထုအခြေပြု ဗဟိုဌာန( Comm unity Centre)ခန်းမ၌ပြုလုပ်ခဲ့သည်။