ပဲခူး အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမသို့ ယနေ့ မွန်းလွဲ ၂ နာရီခွဲက DOOSAN Engineering & Construction Co., Ltd မှ Mask များ လာရောက် ထောက်ပံ့ လှူဒါန်းသည်။
ရှေးဦးစွာ DOOSAN Engineering & Construction Co., Ltd , Director, Mr. Lim Hyun Taek နှင့် Manager, Mr. Shin Yong Cheol တို့က မိမိတို့ကုမ္ပဏီသည် တောင်ငူမြို့နယ်မှ ကမာနတ်သို့ 500 KV ဓါတ်အားလိုင်းသွယ်တန်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး ပဲခူးတိုင်းဒေသကြီး၏ Covid-19 ကာကွယ် ရေးလုပ်ငန်းများတွင် တစ်ဘက်တစ်လမ်းမှ ပါဝင်ကူညီ ဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်းပြောကြားသည်။
ထို့နောက် DOOSAN Engineering & Construction Co., Ltd , Director, Mr. Lim Hyun Taek နှင့် Manager, Mr. Shin Yong Cheol တို့က ပဲခူးတိုင်းဒေသကြီးအတွင်း Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် Mask (၇၆၄၀၀)ခုအား ထောက်ပံ့ လှူဒါန်းခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ဆွေတို့မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)