ဆိပ်ဖြူမြို့နယ်၌ ကုန်စည်စီးဆင်းပြတ်တောက်မှုမရှိစေရေးနှင့် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အထူးကြပ်မတ်ဆောင်ရွက်

ဆိပ်ဖြူ အောက်တိုဘာ ၆

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုမရှိစေရန် မြို့နယ်အတွင်း ဝင်ရောက်ထွက်ခွာ သည့်ကုန်တင်ယာဉ်ကြီးများကိုအထူးကြပ်မတ် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခြင်းမရှိစေရန် ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျှက်ရှိပြီး၊ဒေသကုန်စည် စီးဆင်းဝင်ရောက်မှုနှင့် တင်ပို့မှုလုပ်ငန်းများ ပြတ်တောက်မှုမရှိစေရန် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ၊မြို့နယ် ပုဂ္ဂလိက လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းများ ကြီးကြပ်မှုကော်မတီ၊ မြို့နယ်ကုန်စည်ဒိုင်နှင့် ကုန်သည်ကြီး များ အသင်းတို့ ပူးပေါင်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကုန်စည်များဝင်ရောက်မှု၊ တင်ပို့မှုတို့အတွက် မြို့နယ် ပုဂ္ဂလိကလုပ်ငန်းသုံး မော်တော်ယာဉ်လိုင်း များကြီးကြပ်မှု ကော်မတီ အဖွဲ့ပိုင် ကားကြီးကွင်း နေရာ၌ ကုန်တင်ယာဉ်များ ရပ်နားခြင်း ၊ ဆေးဖျန်းခြင်း နှင့်  ယာဉ်မောင်း ၊ယာဉ်နောက်လိုက်များသီးခြားနားနေထိုင်စေခြင်း၊ အခြားမှ ဝင်လာသည့် ကုန်စည်များ ၊ မိမိဒေသမှ တင်ပို့မည့် ကုန်စည်များကို ၎င်းကားကြီးကွင်းမှ သယ်ယူခြင်း၊ တင်ပို့ခြင်းကို ခွင့်ပြုပေး ထား ကြောင်း၊ ယခင်ကိုဗစ်-၁၉ကာလမတိုင်မီအချိန်က အခြားမှဝင်လာသည့်ကုန်စည်များ မှာယူသည့် ကုန်သည် နှင့် တင်ပို့မည့် ပွဲရုံများ၊ ဈေးနား အနီးဝန်းကျင်၌ကုန်တင်ကုန်ချ ပြုလုပ်ခွင့် ပေးခဲ့ပြီး ၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြှင့်တက်လာသည့်အတွက်  သက်ဆိုင်ရာအဖွဲ့များကပူးပေါင်းကာ ဒေသတွင်း ကူးစက်မှု မရှိစေရန် ကုန်တင်ယာဉ်ကြီးများအား ကားကြီးကွင်းနေရာတွင် ရပ်နားစေပြီး ကုန်တင်ကုန်ချ ပြုလုပ်ရန် လုပ်ငန်းစဉ်များချမှတ်ပြီး ဆောင်ရွက်လျှက်ရှိကြောင်း ၊  မြို့နယ်ပုဂ္ဂလိက လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်း များကြီးကြပ်မှု ကော်မတီ အဖွဲ့ပိုင် ကားကြီးကွင်း နေရာကို ၁၉၉၈ခုနှစ်က ယာမြေ အမျိုးအစား (၂ ဒသမ ၆၃) ဧကအား တောင်သူများထံမှ ကာလပေါက်ဈေးဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ၊ မြို့ပြဖွံ့ဖြိုး တိုးတက် လာခြင်းနှင့်အတူ ကုန်စည်စီးဆင်းမှု စနစ်တကျ တင်ပို့ ရောင်းချနိုင်ရေး ၊ယာဉ်ကြောပိတ်ဆို့မှုနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး တို့အတွက် အလေးထားပြီး မြို့နယ်ပုဂ္ဂလိက လုပ်ငန်းသုံး မော်တော်ယာဉ် လိုင်းများကြီးကြပ်မှု ကော်မတီ အဖွဲ့ပိုင် ကားကြီးကွင်း ကို အဆင့်မြှင့်တင်ကာ အဝေးပြေးယာဉ်လိုင်းများ၊ ကုန်တင်ယာဉ်များ၊ မြို့နယ်တွင်းပြေးဆွဲယာဉ်ရပ်နား စခန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ပုဂ္ဂလိကလုပ်ငန်းသုံး မော်တော်ယာဉ် လိုင်းများကြီးကြပ်မှု ကော်မတီ အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းနိုင်၏ ပြောကြား ချက် အရသိရ သည်။

ကိုဇွဲ(အညာမြေ)