ဘုတလင် အောက်တိုဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန် မြို့နယ် ပညာရေးဝန်ထမ်းမိသားစုက ဒုတိယ အကြိမ် အလှူငွေများကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ်စီမံခန့်ခွဲမှု ကော်မတီရုံးတွင် ပေးအပ် လှူဒါန်း ခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မြို့နယ်ပညာရေး ဝန်ထမ်းမိသားစုကိုယ်စား မြို့နယ်ပညာရေးမှူး ဒေါ်ခင်သူဇာ နှင့် လက်ထောက်ပညာရေးမှူး ဦးတင်စိုးတို့က အလှူငွေကျပ် ၁၁၉၅၅၀၀ ကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များထံသို့ ပေးအပ် လှူဒါန်းခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် မြို့နယ်ပညာရေး ဝန်ထမ်း မိသားစုက ပထမအကြိမ်အဖြစ် အလှူငွေကျပ် ၉၂၆၀၀၀ ကိုလည်း လှူဒါန်းခဲ့ပြီး ဖြစ်ရာ ယခု ဒုတိယအကြိမ် အလှူငေွ ၁၁၉၅၅၀၀ အပါအဝင် စုစုပေါင်း အလှူငွေကျပ် ၂၁၂၁၅၀၀ ကို ပါဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)