စလင်း အောက်တိုဘာ ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အား နိုဝင်ဘာ(၈)ရက်နေ့ တနင်္ဂနွေနေ့တွင် ကျင်းပပြု လုပ်မည်ဖြစ်ရာ မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်ကပ်ထားကြော်ငြာမှုများကို ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခြင်းများကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
စလင်းမြို့နယ်တွင် အောက်တိုဘာလ ၁ ရက်နေ့ နံနက်(၇) နာရီအချိန်တွင် ဒုတိယအကြိမ်မဲ စာရင်း ကပ်ထား ကြေညာခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ စလင်းမြို့ နယ်တွင် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)တွင် အုပ်စု (၅၅ ) အုပ်စု၌ မဲဆန္ဒရှင် ဦးရေ (၉၆၁၂၃) ဦး၊ မဲရုံ (၁၄၉)ရုံနှင့် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)တွင် အုပ်စု(၅၅)အုပ်စု၊ မဲဆန္ဒရှင်(၁၀၁၃၂၁)ဦးရှိပြီး မဲရုံ(၁၃၀)ရုံ၊ ချင်းအမျိုးသား လွှတ်တော်တွင် တိုင်းဒေသကြီး(၁)တွင် မဲဆန္ဒရှင်(၂၆၁)ဦးမဲရုံပေါင်း(၂၀)ရုံနှင့် တိုင်းဒေသကြီး (၂)တွင် မဲဆန္ဒရှင်(၉၉)ဦး၊ မဲရုံပေါင်း(၈)ရုံတို့ရှိ မဲစာရင်းကပ်ထားကြော်ငြာခြင်းများကို ခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များဖြစ်သည့် ဦးသန်းဝင်း ဦးဆောင်သောအဖွဲ့ များက လာရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဘိုရဲ နှင့် အဖွဲ့ဝင်များက လိုက်လံ ရှင်းလင်း ပြသ ခဲ့ကြောင်း သိရှိရသည်။
မောင်လွင်(ပြန်/ဆက်)