မိုင်းဖြတ်၌ ပဲပုပ်မျိုးစေ့ထုတ်တောင်သူများအား သွင်းအားစုဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပဲပုပ်မျိုးစေ့ထုတ် တောင်သူများအား သွင်းအားစု ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀နာရီအချိန်ခန့်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ယာဉ်အဝင်အထွက် စစ်ဆေးခြင်းနှင့် ကျန်းမာအသိပညာပေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်

ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်သည့် အနေဖြင့် မော်တော်ယာဉ် အဝင်အထွက်များ နယ်မြေကျော်သွားလာမှုမရှိစေရန် ယနေ့နံနက်ပိုင်းက အမှတ်(၁၅)ရပ်ကွက် အနော်ရထာလမ်းနှင့် ကုန်းဘောင်လမ်းဆုံတို့၌ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ယာဥ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့များ၊ ရပ်ကွက်အုပ်ချူပ်ရေး အဖွဲ့များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တနင်္သာရီမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြိုတင်မဲလက်မှတ်များ သွားရောက်ထုတ်ယူ

၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာလ(၈)ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံအထွေ‌ထွေရွေးကောက်ပွဲ အတွက် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၏ ကြိုတင်မဲလက်မှတ်များကို ယမန်နေ့ မြိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် တနင်္သာရီမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသန့်ဇင်မင်းနှင့်ကော်မတီဝင်(၆)ဦးတို့က သွားရောက်ထုတ်ယူ ခဲ့ကြောင်း သိရှိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်၌ (ငွေဗိုက်)အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများအား ထောက်ပံ့ ငွေများပေးအပ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌(ငွေဗိုက်)အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်မိခင် လောင်းများအား ထောက်ပံ့ငွေပေးအပ်ပွဲကိုအောက်တိုဘာ၆ရက်နံနက် (၁၀) နာရီက မြို့နယ်ဘန်ရူ ခန်းမတွင် ကျင်းပသည်။

မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာဖတ်ဝိုင်းကျင်းပ

စာရေးဆရာမမြမြဆွေ(စိတ်ပညာ)၏ စိတ်အတောင်ပံဖွင့်မြင့်မြင့်ပျံမယ် စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီ မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ဘိုကလေးမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ အလှူငွေပေးအပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့နှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီ၌ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အလှူငွေ(၁)သိန်း ကျပ် ပေးအပ်လှူဒါန်းသည်။

အိမ်ယာစိုက်ခင်းစိုက်ပျိုးနိုင်ရေး မျိုးစေ့များဝယ်ယူဖြန့်ဖြူးရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနသို့ အလှူငွေများ ပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများအနေဖြင့် Home Garden အိမ်ယာစိုက်ခင်းစိုက်ပျိုးနိုင်ရေး မျိုးစေ့များ ဝယ်ယူဖြန့်ဖြူးရေးအတွက် ယနေ့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့၌ EXIM Bank ချေးငွေရယူထားသော အခြေခံသမဝါယမအသင်းများအား (၁၃)ကြိမ်မြောက် စုဆောင်းငွေပေါ် အတိုးပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ EXIM Bank ချေးငွေရယူ ထားသောအခြေခံသမဝါယမအသင်းများအား (၁၃)ကြိမ်မြောက် စုဆောင်းငွေပေါ် အတိုးပေးအပ်ခြင်း ကိုယမန်နေ့ နံနက်ပိုင်းမှစ၍ အသင်းသားများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်၌ Facility Quarantine ခံယူနေသူ ၇ ဦး ထံမှ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်တို့အား နမူနာရယူစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် အထက(မိုင်းဖြတ်)နှင့် အထက(ဟိုနား)ကျောင်းတို့ တွင် Facility Quarantine ခံယူနေသူ ၇ ဦးထံမှ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်အား မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဓာတ်ခွဲကျွမ်းကျင်-၃ဒေါ်အိသက်မွန်က ယနေ့ နံနက် ၉နာရီ အချိန်ခန့်ကရယူခဲ့ပြီး ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်စစ်ဆေးထားကြောင်း သိရသည်။

မြဝတီမြို့၌ စိတ်ဓာတ်မြှင့်တင်ပေးမှုဆိုင်ရာ အခမဲ့ဝန်ဆောင်မှုရယူနိုင်ရေး အသိပညာပေးကြေညာ

ကရင်ပြည်နယ်၊ မြဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများက စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ အခမဲ့ဝန်ဆောင်မှုရယူနိုင်ရေး အသိပညာပေးကြေညာခြင်းကို ယမန်နေ့ မွန်းလွှဲ ၁ နာရီက မြဝတီမြို့ရှိ ရပ်ကွက်များတွင် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to