ပေါင်းတည် အောက်တိုဘာ ၆
ပဲခူးတိူင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့တွင် ကိုဗစ် ၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်း သည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ ခန်းမဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အတွင်းရှိရပ်ကွက်နှင့်ကျေးရွာ စေတနာရှင် မိဘပြည်သူများမှ PPE ဝတ်စုံအတွက် လှူဒါန်းထားသည့် အလှူငွေဖြင့် မြို့နယ်ကိုဗစ်ကော်မတီမှ အလှူရှင်များ၏ ကိုယ်စား PPE ဝတ်စုံ ၃၀၀ အားဝယ်ယူပြီး ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနသို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီး ကုသရေး လုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့ပေါ်နှင့် ကျေးရွာများရှိ FQC စင်တာများ အထိ ဆက်လက်ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
တင်ဝင်းဇော် (မင်းသားကြီး)