ဒေါ့ဖုန်းယန်မြို့၌ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ယနေ့နံနက် ၈ နာရီခန့်တွင် ကျေးလက်ကျန်းမာရေး ဆေးပေးခန်း၌ ဆောင်ရွက်ခဲ့သည်။

မော်လမြိုင်ကျွန်း မြို့နယ်အတွင်းရှိ ဈေးဆိုင်များ သတ်မှတ်ချိန်များအတိုင်း ဖွင့်လှစ်ရောင်းချနိုင်ရေး အသိပေးစစ်ဆေးခြင်း လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်

မော်လမြိုင်ကျွန်း မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးကြီးများတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များ နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များမှ လိုက်လံစစ်ဆေးခြင်း လုပ်ငန်းကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူ(၅၄)ဦးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံပို့ဆောင်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှ မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆) ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိရာ ယနေ့တွင် အမျိုးသား (၄၆)ဦး၊ အမျိုးသမီး (၈)ဦး စုစုပေါင်း (၅၄)ဦးတို့ကို ထပ်မံပို့ဆောင်ပေးနိုင်ခဲ့သည်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၌ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်း သားများအား ကိုဗစ်- ၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့်စစ်ဆေးပေး

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ကျိုက်မရော မြို့နယ်၌ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲတွင် လုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲသင်တန်းကို အောက်တိုဘာ ၁ ရက်နေ့မှစ၍ အ.ထ.က ကျိုက်မရောခန်းမနှင့် ရသေ့ကျောင်းတိုက်အတွင်း၌ ဖွင့်လှစ်လျက်ရှိရာ အဆိုပါသင်တန်းတွင် တက် ရောက်လျက်ရှိနေသော အထူးရဲများ၌ ကိုဗစ်- ၁၉ ရောဂါပိုး ရှိ/ မရှိကို ယနေ့ နံနက် ၉ နာရီမှ စတင် ကာTest Kit ဖြင့် စစ်ဆေးဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ်တွင် ညောင်ပင်ဈေးရှိ ဈေးသည်များနှင့် လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ပေးဝေ

မန္တလေး၊ အောင်မြေသာစံမြို ့နယ်၊ ပုလဲငွေရောင်ရပ်ကွက်တွင်ရှိသော ညောင်ပင်ဈေးရှိ ဈေးသည်များနှင့် လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ပေးဝေခြင်းကို ယနေ့နံနက် ၁၀နာရီက အဆိုပါဈေးနှင့် လမ်းသွားလမ်းလာများသော နေရာများတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင်၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးစာစောင်နှင့် ပိုစတာများပြသ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးစာစောင်နှင့် ပိုစတာများ ပြသထားလျက် ရှိကြောင်း သိရသည်။

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ အထွေထွေရွေးကောက်ပွဲတွင် မဲရုံ(၇၅)ရုံအတွက် မဲရုံဝန်ထမ်း (၁၂၅၉)ဦး တာဝန်ပေးအပ်ရန်လျာထား

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ချောင်းဆုံမြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာရွေး ကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲဆန္ဒရှင်စာရင်းကို အောက်တိုဘာ ၁ ရက်နေ့က စတင်ပြီး (၂) ပတ်ကြာ ဒုတိယအကြိမ်ကပ်ထား ကြေညာမည်ဖြစ်ရာ မဲစာရင်းတွင် မိမိအမည်စာရင်ပါမပါ ပြည်သူများလာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အမရပူရမြို့နယ်ရှိ Semi-Lock Down Area ရှိ ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

အမရပူရမြို့နယ် ရွှေကြက်ယက်ကျေးရွာအုပ်စု ကိုးသင်းကျေးရွာတွင် ကိုဗစ်-၁၉ Positive တွေ့ရှိမှုဖြင့် Semi-Lock Down Area အတွင်းရှိ ပြည်သူများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်က အဆိုပါနေရာတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

မူဆယ်မြို့၌ မူးယစ်ဆေးဝါးနှင့် ဆက်စပ်သော ထိန်းချုပ်ဓာတုပစ္စည်းများ မြေမြှုပ်ဖျက်ဆီး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြို့မရဲစခန်းနှင့် မန့်ဟီးရိုးနယ်မြေရဲစခန်းတို့က သိမ်းဆည်းရမိပြီး တရားစွဲတင်ထားသော အမှု(၅)မှုတို့မှ မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် ထိန်းချုပ်ဓာတုပစ္စည်း အမျိုးအစား(၅)မျိုးကို ယနေ့ နံနက်(၇)နာရီ အချိန်ခန့်က မူဆယ်မြို့နယ်၊ တုန်ခန်-ကျင်စန်းကျော့သွားရာလမ်းရှိ ဟိုနောင်ကျေးရွာ၊ အနောက်ကြောတောင်ကြား၌ မြေမြှုပ် ဖျက်ဆီးခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်တွင် အရေးကြီးကိစ္စမှအပ မလိုအပ်ဘဲယာဉ်များ ပြင်ပသို့အကြောင်းမဲ့ သွားလာခြင်း မရှိစေရေး အသိပေး စစ်ဆေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ယနေ့နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များ ပူးပေါင်းပါဝင်သော အဖွဲ့မှ အရေးကြီးကိစ္စမှအပ မလိုအပ်ဘဲ ယာဉ်များပြင်ပသို့ အကြောင်းမဲ့ သွားလာခြင်းမရှိစေရေး အသိပေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to