ရှမ်းရွာသစ် အောက်တိုဘာ ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည် ပါ/မပါ သွားရောက်ကြည့်ရှုရမည့် အသိရှိစေရန်နှင့် ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးကြစေရန် ရည်ရွယ်၍ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ယနေ့ နံနက်ပိုင်း တွင် ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထား ကြောင်းသိရှိရ သည်။
အဆိုပါအသိပညာပေးနံရံကပ်စာစောင်တွင် "သင့်အမည် မဲစာရင်းမှာပါ/မပါ စစ်ဆေးပြီးပြီလား၊ အတူတကွမဲပေးကြပါစို့၊ မဲဆန္ဒရှင်စာရင်းသွား ရောက်စစ်ဆေးရန် သင့်မှာအချိန်မရှိ/အချိန်မလုံလောက် ဖြစ်နေပါသလား၊ အွန်လိုင်းကနေ စစ်ဆေးလိုက်ပါ၊ ဘေးကင်းလုံခြုံစွာနေပါ၊ သင်ကဆန္ဒမဲပေးပိုင်ခွင့် ရှိသူဖြစ်ပါသလား၊ မဲစာရင်းစစ်ဆေးပါ၊ သွားရောက်ဆန္ဒမဲပေးပါ၊ သတိရပါ ၊မကြာခဏမေးလေ့ရှိသော မဲစာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများ၊ ဘေးကင်းလုံခြုံစွာဆန္ဒမဲပေးပါ၊ ဆန္ဒမဲမပေးခင်သင်ကူညီဆောင်ရွက်နိုင်သည့်အချက်များ၊ မဲရုံအတွင်း ဘေးကင်း လုံခြုံမှုရှိစေရန် သင်ကူညီဆောင်ရွက်နိုင်သည့် အချက်များ၊ ဘေးကင်းလုံခြုံသော ဆန္ဒမဲပေးမှုအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် မဲရုံအဖွဲ့ဝင်များမှ ကူညီဆောင်ရွက်နိုင်သည့်အချက်များ ပါဝင်သော ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး အကြောင်းအရာ များကို ပြည်သူများ ကြည့်ရှုလေ့လာနိုင်ရန်အတွက် ပြသထားကြောင်းသိရှိရသည်။
ဇင်လေး(ပြန်/ဆက်)