မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ဆေးရုံသို့ အလှူရှင်များမှ စားသောက်ကုန်များနှင့် အလှူငွေ လာရောက် လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ပုလဲမြို့သစ်ဆေးရုံရှိ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ကန့်သတ်စောင့်ကြည့်သူများအတွက် အလှူရှင်များမှ စားသောက်ကုန်များနှင့် အလှူငွေများကို ယမန်နေ့ ညနေပိုင်းက လာ​ရောက် လှူဒါန်းခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ အသွားအလာကန့်သတ်စောင့်ကြည့်ခံယူနေသူ သုံးဦး၌ COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးရန် နှာခေါင်းတို့ပတ် အာခေါင်တို့ပတ် နမူနာရယူ

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ ပြည်တွင်းပြည်ပမှ ပြန်လာသူများအား မော်လိုက် (အ.ထ.က) ကျောင်းရှိ Community Based Facility Quarantine တွင် ထားရှိ၍ အသွား အလာကန့်သတ်စောင့်ကြည့်ခြင်းများ၊ COVID-19ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းများကို နမူနာရ ယူကာ ပို့ဆောင်စစ်ဆေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်တွင်းမှပြန်လာသူ သုံးဦး၏ နှာခေါင်းတို့ပတ် အာခေါင်တို့ပတ်များ ရယူခဲ့ကြကြောင်း သိရသည်။

ဒေါပုံမြို့နယ်အတွင်း Quarantine Center (၄) ခု ထပ်မံ ဖွင့်လှစ်နိုင်ရန်အတွက် အခြေခံပညာကျောင်းများအား ပြင်​ဆင်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်း ကိုဗစ်- ၁၉ရောဂါ ထိန်းချုပ်နိုင်ရန်အတွက် Quarantine Centre (၄)ခု ထပ်မံဖွင့်လှစ်မည့် အခြေခံပညာကျောင်း များအား ကြိုတင်ပြင်ဆင်ခြင်းများကို ယနေ့ နံနက် (၁၀)နာရီက သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ရှိသည့် မိုးစပါးစိုက် တောင်သူများအား ထောက်ပံ့ငွေများပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်း သဘာဝဘေး အန္တရာယ် ကြောင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည့် မိုးစပါးစိုက်တောင်သူများအား မြို့နယ် မြေစာရင်း ဦးစီး ဌာနက ထောက်ပံ့ကြေးငွေများအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀နာရီ အချိန်က မဲကုန်းကျေးရွာ နှင့် လှတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတို့တွင် တောင်သူ များ လက်ဝယ်‌အရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် Quarantine Centre များသို့ အလှူရှင်များမှ အလှူငွေနှင့် စားသောက် ဖွယ်ရာများ လာရောက်လှူဒါန်း

ကိုဗစ်-၁၉ရောဂါ ပြည်တွင်းကူးစက်မှု ပိုမိုမြင့်မားလာသည်နှင့်အမျှ ရောဂါပိုးရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိသူများကို Quarantine Centre များတွင် စောင့်ကြည့်လူနာများ အဖြစ် ထားရှိ ဆောင်ရွက်လျက်ရှိရာ Quarantine ဝင်ရောက်သူ ပြည်သူများအနေဖြင့် အဆင်ပြေစွာ နေထိုင်နိုင်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် အလှူရှင်များက လိုအပ်သည်များကို စေတနာသဒ္ဓါ တရား ထက်သန်စွာဖြင့် လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်၌ အဝေးပြေးယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အောက်တိုဘာ ၆ ရက် နံနက်ပိုင်းက အဝေးပြေးယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၃၈ ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ ချက်ချင်းသိနိုင်ရန် RDT နည်းအရ Test Kits ဖြင့် စစ်ဆေးပေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိ (All Negative)ဖြစ်ကြောင်း မြို့နယ် ဆရာဝန်ကြီး ဒေါက်တာဆန်းထွန်းထံက သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် အင်းစိန်ကျေးရွာတွင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ မြစိမ်း ရောင်(ငါးကဏ္ဍ)အရင်းမပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကလေးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက ကလေးမြို့နယ်အေးစိန်ကျေးရွာရှိ အင်းလုပ်ငန်းကိုအခြေခံကာရေလုပ်ငန်းလုပ်ကိုင်သူများအား ယနေ့ နံနက်ပိုင်းက မြစိမ်းရောင်(ငါးကဏ္ဍ)အရင်းမပျောက်လည်ပတ်ရန်ပုံငွေကို ထုတ်ချေးခဲ့ကြ ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်တွင် ကမ်းပါးပြို၍ ရွေ့ပြောင်းခဲ့ရသည့် နေအိမ်နှစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်လေးပင်မြို့နယ်ဦးစီးမှူးရုံးမှ ကမ်းပါးပြို၍ရွေ့ပြောင်းခဲ့ရသည့် နေအိမ်နှစ်လုံး အတွက်

လပွတ္တာ​မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လပွတ္တာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ​ယနေ့နံနက် ၁၁ နာရီက ကျင်းပသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်မှ သန်လျင်မြို့နယ် Quarantine Center များအတွက် ငွေကျပ် ၁၄ သိန်းကျော်ရှိ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ လှူဒါန်း

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး၌ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ မြို့နယ်အတွင်းရှိ Quarantine Center များအတွက် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို ယမန်နေ့ နံနက် ၁၀ နာရီက လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
Subscribe to