အရာတော် အောက်တိုဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဇရစ်နည်းပညာပေးစင် တာနယ်မြေအတွင်း(CERP)အစီအစဉ်ဖြင့်စိုက်ပျိုးထားသောတောင်သူမျိုးစေ့ထုတ်ကွက်များတွင်(EMဘိုကာရှီ)သဘာဝမြေဆွေးများပြုလုပ်ပုံနှင့်သုံးစွဲနည်းတို့ကိုယနေ့နံနက်ပိုင်းကမကျီးဇောက်ကျေးရွာနှင့်ဒုံဒစ်ကျေးရွာအုပ်စုတို့တွင်လက်တွေ့ပြုလုပ်နည်းအသုံးပြုနည်းများကိုဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ယင်းသို့သဘာဝမြေဆွေးပုံများပြုလုပ်သုံးစွဲနည်းကိုတိုင်းဒေသကြီးစိုက်ပျိုးရေးဌာနဦးစီးမှုး ဦးဝင်းလှိုင်ဦး၏ လမ်းညွှန်မှုဖြင့် အရာတော်မြို့နယ် မကျီးဇောက် ကျေးရွာတောင်သူ ဦးပြား၏စိုက်ခင်း၊ ဇရစ်ကျေးရွာ တောင်သူဦးအေးလွင်၏စိုက်ခင်းနှင့် ဒုံဒစ်ကျေးရွာအုပ်စု၊ ပေါက်ပင်ဆိပ်ကျေးရွာဦးပျော့၏စိုက်ခင်းများတွင်(EMဘိုကာရှီ)သဘာဝမြေဆွေးပုံများပြုလုပ်သုံးစွဲနည်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှုး ဒေါ်တင်တင်စိန် နှင့်ဝန်ထမ်းများက လက်တွေ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သူရ