ငဖဲမြို့နယ်၌ အသက်(၈၀)နှင့် (၈၅)နှစ်အတွင်း သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက်  ထောက်ပံ့ ငွေများ ပေးအပ်

ငဖဲ အောက်တိုဘာ ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉စီးပွားရေး ကုစားမှု အစီအစဉ်အရ အသက်(၈၀)နှင့် (၈၅)နှစ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေ များကို ယမန်နေ့မှစ၍ တာဝန်ရှိသူများကအိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများကို ငဖဲမြို့နယ်အတွင်းရှိ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တာဝန် ရှိသူများ၊ရပ်မိရပ်ဖများက ကိုဗစ်-၁၉ရောဂါကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ်အရ မိသားစု စားဝတ်နေရေးအဆင်ပြေစေရန်ရည်ရွယ်၍ ရပ်ကွက်/ကျေးရွာအုပ်စု (၃၃)အုပ်စုမှ သက်ကြီး ဘိုးဘွား (၄၃၈)ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃ဝဝဝဝိ/- နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ ငွေကျပ် ၁၃၁၄ဝဝဝဝိ/- ကို အိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

မယု(ငဖဲ)