တောင်တွင်းကြီးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ဆေးရုံသုံးပစ္စည်းများ လာရောက်လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ဆေးရုံသုံး ပစ္စည်းများ ကို အလှူရှင်များဖြစ်ကြသည့် စွမ်းအားမိသားစုမှ  ယမန်နေ့ နေ့လယ်က လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းမာပင်ခရိုင် ပုလဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက် အလှူငွေနှင့်ပစ္စည်းများ လာရောက်လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်ခရိုင်၊ပုလဲမြို့၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယနေ့ နံနက်ပိုင်းကကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရေးအတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေနှင့် ပစ္စည်းများကို လာရောက်လှူဒါန်းခဲ့ကြောင်းမြို့နယ်Covid-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေး ကော်မတီမှ သိရသည်။

မချမ်းဘော့မြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ မဲဆန္ဒ နယ်မြေများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ၏ စာရင်းများ ဒုတိယအကြိမ် ကပ်ထား ကြေညာထားရှိမှုများကို ယနေ့နံနက် ၁၀ နာရီတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံမြို့အမှတ်(၃)ရပ်ကွက်တွင် အပြင်ထွက်သွားလာသူများအား ကျန်းမာရေးစည်းကမ်း ချက်များအတိုင်း လိုက်နာခြင်းရှိ/မရှိစစ်ဆေး

ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက်တွင် ပြည်သူများ အပြင်ထွက်သွားလာသည့်အခါ Mask တပ်ဆင်ခြင်းရှိ/မရှိ၊ အပြင်ထွက်သွားလာခွင့်ကဒ်များ ပါ/မပါ တို့တို့ ယနေ့ နေ့လည် (၁) နာရီအချိန်က လိုက်လံစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

ကောလင်းခရိုင် ဝန်းသိုမြို့နယ် မန်ကျည်းကုန်းကျေးရွာတွင် သဘာဝပိုးသတ်​ဆေးနှင့် ဓါတ်မြေဩဇာပြုလုပ်သုံးစွဲပုံ နည်းပညာပေးဆောင်ရွက်

စစ်ကိုင်းတိုင်း​ဒေသကြီး၊​ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း မဲခေါင်လန်ချန်း စီမံချက် ဖြင့် ဆောင်ရွက်သည့် တိုင်းဒေသကြီးကိုယ်စားပြု (Home Garden) စံပြရွာ၊ မန်ကျည်း ကုန်းကျေးရွာတွင် တောင်သူဦးကြီးများ ဓါတုပိုးသတ်​ဆေးများကို လျော့ချသုံးစွဲနိုင် စေရန်နှင့် ဓါတ်မြေဩဇာ လျော့ချသုံးစွဲနိုင်စေရန် ရည် ရွယ်၍ သဘာဝပိုးသတ်​ဆေးနှင့် စူပါဘိုကာရှီမြေဆွးပြုလုပ် သုံးစွဲနည်းတို့ကို ယမန်နေ့က မြို့နယ်စိုက်ပျိုး​ရေး ဦးစီးဌာနမှ စိုက်ပျိုးရေးပညာရှင် ဝန်ထမ်းများက လက်တွေ့ပြုလုပ်ပြသပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေနှင့် ကာကွယ်ရေး သုံးပစ္စည်းများ ထောက်ပံ့လှူဒါန်း

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် လိုအပ်သည်များ အသုံးပြုနိုင်ရေးအတွက် အလှူငွေနှင့် ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီက Asian Crops Global စိုက်ပျိုးရေးဆေးကုမ္ပဏီ(မကွေးတိုင်းဒေသကြီး)နှင့် ဩမာန် စိုက်ပျိုးရေးဆေးရောင်းဝယ်ရေး(ပွင့်ဖြူမြို့) တို့ ပူးပေါင်း၍ မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံ လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဖယ်ခုံမြို့၌ လျှပ်စစ်ဓာတ်အားလိုင်းများ တိုးချဲ့တပ်ဆင်

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ညောင်ကုန်းရပ်ကွက် နယ်မြေအမှတ် (၁)တွင် လျှပ်စစ်ဓာတ်အား ပြည့်မီစွာရရှိရေးအတွက် ၂၀၀ ကေဗွီအေ ထရန်စဖော်မာနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NEP) ဖြင့် ကျေးရွာနှစ်ရွာတွင် လျှပ်စစ်မီးရေးဖွင့်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ညောင်ပင်လှအုပ်စု၊ မင်းနန်းတောကျေးရွာနှင့် ပုတီးတွင်းကျေးရွာတို့တွင် ယမန်မနေ့ ည ၆နာရီ ၃၀မိနစ်အချိန်ခန့်က အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP)ဖြင့် လျှပ်စစ်မီးရေးဖွင့်ပွဲ ကျင်းပခဲ့သည်။
Subscribe to