တန့်ယန်းမြို့နယ်တွင် အသက်(၈၀)နှင့် (၈၅)နှစ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး ကာလအတွင်း စားဝတ်နေရေးအဆင်ပြေရန်အတွက် နိုင်ငံတော်မှ ချီးမြှင့်ထောက်ပံ့ပေးအပ်သည့် အသက်(၈၀)နှင့် (၈၅)နှစ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား ယမန်နေ့ ညနေပိုင်းက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့၌၂၀၂၀ပြည့်နှစ် မတ်လတွင် ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်စာပေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများအား ဂုဏ်ပြု ဆုချီးမြှင့်

၂၀၂၀ ပြည့်နှစ် မတ်လတွင်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂန့်ဂေါမြို့နယ် ရှုံးရှီရွာအ.ထ.က မှ ထူးချွန်စွာအောင်မြင်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကျေးရွာ စိန်ရောင်ထွန်း လယ်/ထွေငွေစုငွေချေး သမဝါယမအသင်းလီမိတက်က ယမန်နေ့တွင် အသင်းလီမိတက် ၌ ဂုဏ်ပြုဆုပေးပွဲ ပြုလုပ်သည်။

မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအစည်းအဝေး ဒုတိယအကြိမ် ပြုလုပ်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒုတိယအကြိမ် ပြုလုပ်ခဲ့သည်။

နေပြည်တော်သို့ ဝင်ရောက်မည့် ကုန်တင်ယာဉ်များအား ကျန်းမာရေးဆိုင်ရာလမ်းညွန်မှုများနှင့်အညီဖြစ်စေရေး စစ်ဆေးဆောင်ရွက်

ဆောက်လုပ်ရေး၀န်ကြီးဌာနက အောက်တိုဘာ (၅)ရက်နေ့မှစ၍ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့်ပြုလိုက်သဖြင့် နေပြည်တော်သို့ ဝင်ရောက်မည့် ကုန်တင်ယာဉ်များ စီလမ်းဆုံမှ စတင်ဝင်ရောက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန် ၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးအဖွဲ့များဖြင့် သွားရောက်စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ရပ်/ကျေးစာရေးဝန်ထမ်းများအား နိုင်ငံတော်မှ တစ်ဦးလျှင် ငွေကျပ် တစ်သိန်းစီ ထောက်ပံ့ပေး

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ရပ်/ကျေးစာရေးဝန်ထမ်းများကို မိမိတို့ တာဝန်လုပ်ငန်းများအပြင် ရွေးကောက်ပွဲလုပ်ငန်းများနှင့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ကြိုးစားဆောင်ရွက်ပေးမှုအပေါ် ဂုဏ်ပြုသောအားဖြင့် ရပ်/ကျေးစာရေးဝန်ထမ်း တစ်ဦးလျှင် ငွေကျပ်တစ်သိန်းစီ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။

သံတောင်ကြီးမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။

သံတောင်ကြီးမြို့နယ် ကလေးစဖတ်ခန်းတွင် Onile မှတစ်ဆင့် စက္ကူခေါက်ခြင်း အစီအစဉ်ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ပြည်သူ့စာကြည့်တိုက်ယာယီပိတ်ထားသည့် အတွက် Onile မှတစ်ဆင့် အသိညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၉)နာရီ အချိန် က ကလေးစာဖတ်ခန်းတွင် စက္ကူခေါက်အစီအစဉ်ကို ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လိပ်သိုမြို့ သံမိုးတောင်ကျေးရွာတွင် အားလုံးအကျုံး၀င် ပူးပေါင်းပါ၀င်သော မဲဆန္ဒရှင် အသိပညာပေး ရှင်းလင်းဆွေးနွေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ သံမိုးတောင်ကျေးရွာတွင် ဘုရား၏ မယ်တော်မာရိယားကျောင်း ဓမ္မာရုံ၌ ကရင်ပြည်နယ်အရပ်ဘက် လူမှုအဖွဲ့အစည်းများ ကွန်ရက် (KSCN) ၏ ဦးဆောင်မှုဖြင့် အားလုံးအကျုံး၀င် ပူးပေါင်းပါ၀င်သော မဲဆန္ဒရှင်အသိပညာပေး အစီအစဉ်ကို ယမန်နေ့ နံနက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင် ညမထွက်ရအမိန့်လိုက်နာမှုမရှိသူသုံးဦးအား အရေးယူဆောင်ရွက်

မိတ္ထီလာမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ယမန်နေ့ နံနက် ၂နာရီအချိန်တွင် လှည့်ကင်းတာဝန်ထမ်းဆောင်သူများအဖွဲ့မှ လှည့်ကင်းတာဝန်ထမ်းဆောင်နေစဉ် ညမထွက်ရ အမိန့်ကိုလိုက်နာမှုမရှိသူသုံးဦးအား တွေ့ရရှိရ၍ ဖမ်းဆီးအရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ဆေးခင်းခုံကျေးရွာတွင် ဆဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေ ပြန်လည်ထုတ်ချေးခြင်း အခမ်းအနားပြု လုပ်

ကျေးလက်နေပြည်သူများ၏ လူမှုစီပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဆင်းရဲသော မိသားစုဝင်များ အလုပ်အကိုင်အခွင့်အလန်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အ‌ထည်ဖော်ဆောင်ရွက် ပေးလျှက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကောလင်း ခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း ကျေးရွာ ပေါင်း(၃၅)ရွာတွင် ယူနစ် ပေါင်း(၂၁)ယူနစ်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။
Subscribe to