ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူငါးဦးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေး အတွက် စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ယမန်နေ့ ညနေ(၆)နာရီ အချိန်က နေရပ်ပြန်ပြည်သူ(၅)ဦးအား ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။

ကျောက်ဆည်မြို့အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ တွင် အသုံးပြုရန်အတွက် အလှူငွေနှင့်ပစ္စည်းများလှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ အသုံးပြုရန်အတွက် ယမန်နေ့ မွန်းလွဲ ၂ နာရီက အလှူရှင်များမှ အလှူငွေများ နှင့် ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်းခဲ့ကြောင်းသိရသည်။

ဆီဆိုင်မြို့ရှိ ဥတ္တရာရုံကျောင်းတိုက်သို့ ဆန်၊ ဆီများဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ ဟိုခဲရပ်ကွက်အတွင်းရှိ ဥတ္တရာရုံကျောင်းတိုက်သို့ ဆန်၊ ဆီများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့ Facility Quarantine Centre ၌စောင့်ကြည့်ထားရှိသူ ရှစ်ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိ

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ အ.ထ.ကခွဲကျောင်း၌ အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိသည့် ပြည်ပနိုင်ငံများမှ နေရပ်ပြန်လာသူ ရှစ်ဦးတို့၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ် (Swab)ကို စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါပို့ တွေ့ရှိခြင်းမရှိကြောင်း ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနမှ သိရသည်။

ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၄ ဦးရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ ၄ ဦးရောဂါပျောက်ကင်း ၍ ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ဆေးရုံဆင်းခွင့်ရရှိကြောင်း ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းထံကသိရသည်။

ရိခေါ်ဒါရ်မြို့၌ စေတနာအလှူရှင်တစ်ဦးက နှာခေါင်းစည်း (၁၀၀၀)၊ Face Shield (၁၀၀၀)နှင့် လက်အိတ် (၁၀၀၀)လာရောက်လှူဒါန်းပေး

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၌ စေတနာအလှူရှင်တစ်ဦးမှ နှာခေါင်းစည်းနှင့် မျက်နှာအကာ Face Shield များကို မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး ကော်မတီထံသို့ အောက်တိုဘာ ၅ ရက်က လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မိုင်းရှူးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ထုတ်ပြန်ကြေညာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်း များကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ထုတ်ပြန်ကြေညာထား ကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့၌ ရပ်ကွက်အတွင်း အပြင်ထွက်သွားလာသူပြည်သူများ ပါးစပ်နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်းရှိ/မရှိ ကြပ်မတ်စစ်ဆေး

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး ကော်မတီ၏ စီစဉ်ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်လူငယ် Volunteer အဖွဲ့များပူးပေါင်း ပြီး ရပ်ကွက်အတွင်း အပြင်ထွက်သွားလာသူ ပြည်သူများအား နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းရှိ/မရှိကြပ်မတ် စစ်ဆေးခြင်းကို အောက်တိုဘာ ၅ ရက်က ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျေးသီးမြို့နယ်၌ မသန်စွမ်းသူများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ထောက်ပံ့ငွေများကို ယမန်နေ့က တာဝန်ရှိသူများမှ မသန်စွမ်းသူများအား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to