ဒက္ခိဏသီရိ အောက်တိုဘာ ၆
ဆောက်လုပ်ရေး၀န်ကြီးဌာနက အောက်တိုဘာ (၅)ရက်နေ့မှစ၍ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့်ပြုလိုက်သဖြင့် နေပြည်တော်သို့ ဝင်ရောက်မည့် ကုန်တင်ယာဉ်များ စီလမ်းဆုံမှ စတင်ဝင်ရောက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန် ၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးအဖွဲ့များဖြင့် သွားရောက်စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ကုန်တင်ယာဉ်များဝင်ရောက်မှုများအပေါ် ကုန်တင်ယာဉ်များအတွက် ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီစိစစ်ခြင်း၊ ယာဉ်/လမ်း ပိတ်ဆို့မှု မဖြစ်စေရေး၊ လူစုလူဝေးမဖြစ်စေရေး၊ ကျန်းမာရေးဆိုင်ရာလမ်းညွန်မှုများနှင့်အညီဖြစ်စေရေးတို့ကို စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)