သံတောင်ကြီးမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

သံတောင်ကြီး    အောက်တိုဘာ ၇

ကရင်ပြည်နယ်၊  ဘားအံခရိုင်၊  သံတောင်ကြီးမြို့နယ်တွင်  ရွေးကောက်ပွဲဆိုင်ရာ အစည်းအဝေးကို     မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က၂၀၂၀- ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပထမအကြိမ်တွင်  မဲစာရင်း အမှားပြင်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ  ယခုဒုတိယအကြိမ်ကပ်ထားကြေညာသည့်   မဲစာရင်းများမှားယွင်းမှုမရှိစေရေး  စီစစ်ဆောင်ရွက်ခဲ့ပြီး  မဲဆန္ဒရှင်အမည်စာရင်းများကို အောက်တိုဘာ(၁) ရက်နေ့မှ(၁၄) ရက်နေ့ ထိသက်ဆိုင်ရာ   ရပ်ကွက် / ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်  အဖွဲ့ခွဲရုံးများတွင်    ဒေသခံပြည်သူများ မဲစာရင်းများသွားရောက် ကြည့်ရှု ရန်နှိုးဆော် လျက်ရှိကြောင်း၊  မဲဆန္ဒရှင်အမည်စာရင်းများ မှားယွင်းခြင်း ၊ပြင်ဆင်ရန်ရှိ ပါကသက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ များထံသို့   တင်ပြတောင်း ဆိုရန်လိုအပ် ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာသူများမှ   နိုဝင်ဘာ(၈)ရက်နေ့တွင်    ကျင်းပပြုလုပ်မည့်   ရွေးကောက်ပွဲရက်နေ့တွင်  မဲဆန္ဒရှင်များအနေ ဖြင့်ကိုဗစ်-၁၉ ရောဂါ  ကြိုတင်ကာကွယ်ရန်အတွက်  ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏  လမ်းညွှန်ချက်နှင့်အညီစနစ်တကျ    ဆောင်ရွက်သွားရန် နှင့်ရွေးကောက်ပွဲဆိုင်ရာ     ဆောင်ရွက်မည့်လုပ်ငန်းများအား  ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးကို ဌာနဆိုင်ရာများ၊   မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ  နှင့်အဖွဲ့ ဝင်များ၊  ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ   တက်ရောက်ခဲ့ကြောင်းသိ ရသည်။

မြို့နယ် (ပြန်/ဆက်)