မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့၌၂၀၂၀ပြည့်နှစ် မတ်လတွင် ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်စာပေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများအား ဂုဏ်ပြု ဆုချီးမြှင့်

ဂန့်ဂေါ အောက်တိုဘာ ၇

၂၀၂၀ ပြည့်နှစ် မတ်လတွင်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂန့်ဂေါမြို့နယ် ရှုံးရှီရွာအ.ထ.က မှ ထူးချွန်စွာအောင်မြင်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကျေးရွာ စိန်ရောင်ထွန်း လယ်/ထွေငွေစုငွေချေး သမဝါယမအသင်းလီမိတက်က ယမန်နေ့တွင် အသင်းလီမိတက် ၌ ဂုဏ်ပြုဆုပေးပွဲ ပြုလုပ်သည်။

ဂန့်ဂေါမြို့နယ် ရှုံးရှီကျေးရွာ အထကမှ ၂၀၂၀ ပြည့်နှစ် မတ်လတွင်ကျင်းပသည့် တက္ကသိုလ်ဝင် စာမေးပွဲ ၌ မောင်ပိုင်စိုးအောင် (၅ ဘာသာဂုဏ်ထူး)၊ မောင်စိုးမင်းဦး (၄ ဘာသာဂုဏ်ထူး) ၊ မနှင်းအိစံ (၃ ဘာသာဂုဏ်ထူး)၊ မဖူးသက်သက်ကို (၃ ဘာသာဂုဏ်ထူး) တို့ဖြင့်ထူးချွန်စွာအောင်မြင်ကြရာ ယင်းတို့အားဂုဏ်ပြုဆုငွေများ ပေးအပ် ခြင်းဖြစ်ကြောင်း သိရသည်။

စိန်ရောင်ထွန်း လယ်/ထွေ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်သည် ၂၀၁၆ ခုနှစ်မှစ၍ တက္ကသိုလ်ဝင် စာမေးပွဲတွင် ရှုံးရှီအထက မှ ထူးချွန်စွာ အောင်မြင်ကြသူများအား နှစ်စဉ်ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြောင်း၊ ထို့အပြင် ကျေးရွာလူမှုရေးလုပ်ငန်းများ၊ ကျန်းမာရေးလုပ်ငန်းများအတွက်လည်း ထောက်ပံ့ပေးလျက်ရှိ နေကြောင်း နှင့် ဂုဏ်ပြုဆုပေးပွဲသို့ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြစန်း၊ မြို့နယ်သမဝါယမ အသင်းစု လီမိတက် ဥက္ကဋ္ဌ ဦးမြင့်ထွေး ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရန်လင်းအောင်၊ စိန်ရောင်ထွန်း လယ်/ထွေ ငွေစုငွေချေးသမဝါယမ အသင်းလီမိတက်ဥက္ကဋ္ဌ ဦးကံရွှေ နှင့် တာဝန် ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

တောင်သားမောင်သန်း