မိုးနဲမြို့ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီနှင့် ရွှေပိုး (GROUP) တို့ ပူးပေါင်းကာ ဆွမ်း ၊ ကွမ်း အခက်အခဲရှိသော ဘုန်းတော်ကြီးကျောင်း သုံးကျောင်းသို့ ယနေ့ နံနက်ပိုင်းက ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် လှူဖွယ်ပစ္စည်းများကို ဘုန်းတော်ကြီး ကျောင်းများအရောက် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းလေးကျောင်းတို့တွင် Quarantine ဝင်ရောက်နေသူ (၁၆၅)ဦး ထိရှိ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများ မရှိစေရေးအတွက် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအား အခြေခံ ပညာကျောင်းလေး ကျောင်းတို့တွင် အသွားအလာများ ကန့်သတ်ထားရှိကာ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ ညနေပိုင်းချိန်အထိ အခြေခံပညာကျောင်းစင်တာများတွင် အသွားအလာ ကန့်သတ်ထားရှိသူ ဦးရေ(၁၆၅)ဦး ထိ ရှိနေကြောင်း သိရသည်။

ကြံခင်းမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်းလိုင်စင်ချထားပေးသော စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်၊ လမ်းဘေးဈေးဆိုင်များအား ထုတ်ပြန်ထားသော စည်းကမ်းချက်များ နှင့်အညီ လိုက်နာမှု ရှိ/မရှိစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်းလိုင်စင်ချထားပေးသော စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်၊ လမ်းဘေးဈေးဆိုင်များအား ထုတ်ပြန်ထားသော စည်းကမ်းချက်များ နှင့်အညီ လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့အတွင်းရှိ ဈေးဆိုင်များနှင့် မြို့မဈေးတို့တွင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က စစ်ဆေး ခဲ့ကြကြောင်း သိရသည်။

ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ရပ်/ကျေးစာရေး ဝန်ထမ်းများအား နိုင်ငံတော်မှ တစ်ဦးလျှင် ငွေကျပ် တစ်သိန်းစီ ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား နိုင်ငံတော်မှထောက်ပံ့သည့် ငွေများပေးအပ်​ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ထောက်ပံ့ ပေးအပ်ခဲ့သည်။

မိတ္ထီလာခရိုင်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ခုနှစ်သိန်း တစ်သောင်း ကျော် ရှိပြီး မဲရုံပေါင်း ၁၀၆၈ ရုံရှိ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ ခုနှစ်သိန်းတစ်သောင်းကျော်ရှိပြီး မဲရုံပေါင်း ၁၀၆၈ ရုံရှိကြောင်း မိတ္ထီလာခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

နောင်တရားမြို့၌ အသက် ၈၀ နှစ်မှ ၈၅ နှစ်ကြား ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၌ အသက် ၈၀ နှစ်မှ ၈၅ နှစ်အကြား ဘိုးဘွားများကို ယနေ့ နံနက်ပိုင်းတွင် အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

မိုကောင်းမြို့နယ်တွင် ကိုဗစ်-၁၉ကုစားမှု အစီအစဉ်အရ အသက်(၈၀)နှစ်နှင့် (၈၅)ကြားရှိ သက်ကြီး အဘိုးအဘွား များအား လက်ဝယ်အရောက် ထောက်ပံ့ငွေပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ကိုဗစ်-၁၉ကုစားမှု အစီအစဉ်အရ မိုးကောင်းမြို့နယ်အတွင်းရှိ အသက်(၈၀)နှစ်နှင့် (၈၅)နှစ်အကြား သက်ကြီး အဘိုးအဘွား (၆၉၇)ဦးအတွက် ထောက်ပံ့ငွေကျပ် (၂၀၉)သိန်းကျော် ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မိတ္ထီလာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ လိုက်နာရမည့် ထုတ်ပြန်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသံချဲ့စက်ဖြင့် ကြေညာပေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်မီးသတ်ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ သိရှိလိုက်နာရမည့် ထုတ်ပြန်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်များ အတွင်းရှိ လမ်းဆုံများတွင် ညစဉ် ကြေညာပေးလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌  ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းဘေး အနီးကျေးရွာများတွင် ရေများဝင်ရောက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာ ၅ ရက်နေ့ နံနက်ပိုင်းကစတင်ကာ ဧရာဝတီမြစ်ရေ ပြန်လည်မြင့်တက်လာမှုကြောင့် မြစ်ကမ်းဘေးအနီး ကျေးရွာများတွင် ဧရာဝတီမြစ်ရေများ ဝင်ရောက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာရှိ ဒေသခံ ပြည်သူများ ထံမှ သိရသည်။

ကာမိုင်းမြို့၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၁၈၉၆ ဦးရှိပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၇ ဦးရှိ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့အတွင်း၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယ(နောက်ဆုံး) အကြိမ်မြောက် ကပ်ထား ကြေညာမှုအရ ကာမိုင်းမြို့အတွင်းရှိ မြို့ပေါ်တစ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၆)အုပ်စုတို့တွင် မဲရုံပေါင်း ၈ ရုံဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၁၈၉၆ ဦး ရှိကြောင်း သိရသည်။
Subscribe to