တနင်္သာရီမြို့နယ်၌မြစိမ်းရောင်ချေးငွေ(စတုတ္ထ)အကြိမ်၊အိမ်တိုင်ရာရောက် သွားရောက် ထုတ်ချေးပေး
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်တနင်္သာရီမြို့နယ်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာ စီမံကိန်း(စတုတ္ထ)အကြိမ်၊ ချေးငွေအိမ်တိုင်ရာရောက် သွားရောက်ထုတ်ချေးပေးခြင်းအား ယမန်နေ့ က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။