သံတောင်ကြီး အောက်တိုဘာ ၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ပြည်သူ့စာကြည့်တိုက်ယာယီပိတ်ထားသည့် အတွက် Onile မှတစ်ဆင့် အသိညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၉)နာရီ အချိန် က ကလေးစာဖတ်ခန်းတွင် စက္ကူခေါက်အစီအစဉ်ကို ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသိုရိုက်ကူးရာတွင် ဒေါ်ယဉ်ယဉ်အေး(စာ/ထောက်-၃)က အရုပ်မလေးပုံ ရောင်စုံစက္ကူများ နှင့်ခေါက်ပြခြင်းကို သံတောင်ကြီးမြို့နယ်ပြည်သူ့စာကြည့်တိုက် Page တွင် Onile မှ ထုတ်လွှင့်ပြသနိုင်ရန်အတွက် ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း စာကြည့်တိုက်ယာယီပိတ်ထားသည့်အချိန်တွင် ပြည်သူများ၊ကလေးလူငယ်များအနေဖြင့် စာကြည့်တိုက်သို့ မလာနိုင်သော်လည်း စာအုပ်မိတ်ဆက်ခြင်းအစီအစဉ်များ၊ ပုံပြင်ပြောပြခြင်း၊ စက္ကူခေါက်ပြခြင်း၊ ကဗျာရွတ်ပြခြင်းအစီအစဉ်နှင့် အသိပညာပေး Talk Showများ၊ ပြည်သူများသိသင့်သည့် အသိပညာပေးလုပ်ငန်းများ၊ ဒေသဆိုင် ရာသတင်းအချက်အလက်များကို IPRD Thandaung Gyi Page နှင့် သံတောင်ကြီးမြို့ နယ်ပြည်သူ့ စာကြည့်တိုက် Page များတွင် Onile မှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)