တန့်ယန်း အောက်တိုဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး ကာလအတွင်း စားဝတ်နေရေးအဆင်ပြေရန်အတွက် နိုင်ငံတော်မှ ချီးမြှင့်ထောက်ပံ့ပေးအပ်သည့် အသက်(၈၀)နှင့် (၈၅)နှစ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား ယမန်နေ့ ညနေပိုင်းက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ လူမှုဝန်ထမ်းဦးစီးဌာန၏ နိုင်ငံတော်အစိုးရ အစီအစဉ်ဖြင့် ချီးမြှင့်ထောက်ပံ့ပေးအပ်သည့် အသက်(၈၀)နှင့်(၈၅)နှစ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား တစ်ဦးလျှင် (သုံးသောင်း)ကျပ်နှုန်း ထောက်ပံ့ပေးအပ်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းကျော်နှင့် တာဝန်ရှိ ဌာနဆိုင်ရာ အကြီးအကဲများက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် မြို့နယ်တွင် အသက်(၈၀)နှင့်(၈၅)နှစ်အတွင်းရှိ သက်ကြီးဘိုးဘွား (၁၇၄)ဦးရှိကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)