ပွင့်ဖြူမြို့နယ်၌ မိုးစပါးစိုက်ပျိုးတောင်သူများ သီးနှံအောင်ရေ လုံလောက်စွာ ဖြန့်ဝေပေးနိုင်ရေး ရေပေးဝေမြောင်းများ အခြေအနေ တိုင်းတာခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မိုးစပါး စိုက်ပျိုးတောင်သူများအား မိုးစပါးသီးနှံအောင် ရေလုံလောက်စွာ ဖြန့်ဝေပေးနိုင်ရန်နှင့် ဆည်ရေလေလွင့် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲထွဋ်အောင်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဝန်ထမ်းများအဖွဲ့က တောင်မုန်း မြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီး တစ်လျှောက် ဆည်ရေသောက်ဧရိယာအတွင်းရှိ ရေပေးဝေမြောင်းများအား (ကျု့ဆက်) တိုင်းတာ ခြင်းများ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မက်မန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်အတွင်း၌ ကိုဗစ် -၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ခရီးသွားပြည်သူများကို ကျန်းမာရေး စစ်ဆေးခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ် စည်းကမ်းများ လိုက်နာရေး အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

မံစီမြို့နယ် မံဝိန်းကြီးကျေးရွာ၌ ကိုဗစ်-၁၉ ကာလ စားနပ်ရိက္ခာများ လှူဒါန်းပေးအပ်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မံဝိန်းကြီးကျေးရွာ ရပ်ကွက် (၄)တွင် နေထိုင်သည့် အလှူရှင်ဒေါ်ရွယ်တောင်မိသားစုမှ ကျေးရွာအတွင်း၌ ကိုဗစ်-၁၉ ကာလ စားနပ်ရိက္ခာများ လှူန်ဒါန်း ပေးအပ်လျက်ရှိကြောင်းသိရသည်။

မုံရွာခရိုင် ချောင်းဦးမြို့နယ်တွင် COVID - 19 ကာလအတွင်း စီးပွားရေးကုစားမှု အစီစဉ်ဖြင့် မိုးစပါး မျိုးသန့် မျိုးစေ့ထုတ် စိုက်ခင်းများအား ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ခင်မွန် နည်းပညာ ပြန့်ပွား ရေးစင်တာနယ်မြေအတွင်းရှိ ချောင်းဦးမြောက် ၊ ရန်အောင်မြေ နှင့် ချောင်းဦးတောင် အုပ်စုတို့တွင် COVID - 19 ကာလအတွင်း စီးပွားရေးကုစားမှု ( CERP ) အစီစဉ်ဖြင့် မိုးစပါး မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်း များအား ယနေ့ နံနက်(၉)နာရီ အချိန်က ခင်မွန်နည်းပညာ ပြန့်ပွားရေး စင်တာနယ်မြေအတွင်းရှိ စိုက်ခင်းများအား ကွင်းဆင်း ဆောင်ရွက် ခဲ့ကြောင်း သိရ သည်။

စလင်းမြို့နယ်တွင် အဝေးပြေး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းနှင့် VTM စက်ဖြင့် နှာခေါင်း၊ လည်ချောင်း အာခေါင်တို့ပတ်များရယူ

မကွေတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့တွင် အဝေးပြေးယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား VTMစက်ဖြင့် နှာခေါင်းနှင့် လည်ချောင်းအာခေါင်တို့ဖတ်များ ရယူခြင်းကို ယနေ့ နံနက် ၇ နာရီအချိန်က မြို့နယ် မိုးလုံလေလုံအား ကစားရုံတွင် ဆောင်ရွက်ခဲ့ကြသည်။

ပေါင်းတည်မြို့နယ်တွင် ကိုဗစ်−၁၉  ကာလအတွင်း သီလရှင်စာသင်တိုက်သို့  အလှူငွေပေးအပ်   လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊  ပြည်ခရိုင်၊ ပေါင်းတည်မြို့၊ မင်းကွက်(၁)ရပ်ကွက် သာသနာ့ပါလ သီလရှင်   စာသင်တိုက်တွင်သီတင်းသုံး နေထိုင်သော

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်၌ ယာယီပျံကျစျေး၊စားသောက်ဆိုင်နှင့် လက်ဖက် ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါအကြောင်းအသိပညာပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်အတွင်းရှိ ယာယီပျံကျစျေးနှင့် စားသောက်ဆိုင်၊ လက်ဖက် ရည်ဆိုင် များအား မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးကြည်သန့်ဝင်း ဦးဆောင်ပြီး ဌာန ဆိုင်ရာအဖွဲ့စုံဖြင့် ယနေ့နံနက်(၈)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ အကြောင်း အသိ ပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဒေါပုံမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ နောက်ဆုံးအကြိမ်ကပ်ထားကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့၌ ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နောက်ဆုံး အကြိမ် မဲဆန္ဒရှင်အမည်စာရင်းများကို အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ် အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားကြောင်း သိရ သည်။

ပုသိမ်​မြို့ ဟွာပိုတိုင်းအထည်ချုပ်စက်ရုံမှ ငွေဆောင်မြို့သို့ ပြန်လည်ရောက်ရှိလာသူအား Facility Quarantine Centre သို့ပို့ဆောင်

ပုသိမ်ခရိုင်၊ ငွေဆောင်မြို့သို့ ပုသိမ်မြို့၊ ဟွာပိုတိုင်း အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်ပြီး ပြန်လည် ဝင်ရောက်လာသူ(၁)ဦးနှင့် သွားရောက်ခေါ်ဆောင်သူတစ်ဦးအား ငွေဆောင်မြို့ဝင်ဂိတ်မှ အ.ထ.က ငွေဆောင်ကျောင်းရှိ Facility Quarantine Centre သို့ ယနေ့နံနက် ၈ နာရီချိန်က ထားရှိပြီးကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ငါးသိုင်းချောင်းမြို့ရှိ အထူးရဲသင်တန်း သို့သွားရောက်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအ‌ထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ မဲရုံလုံခြုံရေး အထူးရဲသင်တန်းကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ ရှေ့ဆောင်ရပ်ကွက်၊ ရေတံခွန် အခြေခံပညာမူလတန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူးရဲမှူးကြီး မျိုးသန့်ကျော်ဦးဆောင်သော သက်ဆိုင်ရာရဲတပ်ဖွဲ့တာဝန်ရှိသူများ သင်တန်းသို့ရောက်ရှိခဲ့ပြီး အထူးရဲသင်တန်းသားများနှင့် တွေ့ဆုံအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
Subscribe to