ချောင်းဦး အောက်တိုဘာ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်အတွင်းရှိ ယာယီပျံကျစျေးနှင့် စားသောက်ဆိုင်၊ လက်ဖက် ရည်ဆိုင် များအား မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးကြည်သန့်ဝင်း ဦးဆောင်ပြီး ဌာန ဆိုင်ရာအဖွဲ့စုံဖြင့် ယနေ့နံနက်(၈)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ အကြောင်း အသိ ပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ ဖြစ်ပွါးနေစဉ်အတွင်း ပြည်သူများ စျေးဝယ်ချိန်အခက်အခဲမဖြစ်စေရေး အတွက် ချောင်းဦးမြို့တွင် အချိန်ပိုင်းဖွင့်ထားသော ယာယီပျံကျစျေးအတွင်းစျေးရောင်းချသူများ၊ စျေး ဝယ်သူများအား အပူချိန်တိုင်းခြင်း စျေးအတွင်းလူဦးရေထူထပ်ခြင်း မဖြစ်စေရန် နေရာချထား ခြင်း ပြုလုပ်နေမှုကို စစ်ဆေးကြည့်ရှု့ခဲ့သည်။
ထို့နောက်ချောင်းဦးမြို့ပေါ်နှင့်ခင်မွန်ကျေးရွာများတွင်ဖွင့်လှစ်ထားသောစားသောက်ဆိုင်၊လဖက်ရည်ဆိုင်(၁၆) ဆိုင်အားထုတ်ပြန်ထားသောစည်းကမ်းချက်များနှင့်ညီညွတ်မှု့ရှိမရှိရှောင်တခင်စစ်ဆေးခဲ့ရာဆိုင်(၈)ဆိုင်ကပိတ် သိမ်း ထားပြီးဆိုင်(၈)ဆိုင်မှဆိုင်ဖွင့်ရောင်းချနေသော်လည်းပါဆယ်စနစ်ဖြင့်သာရောင်းချနေကြောင်းတွေ့ရှိရသည်။
ကျွန်တော်တို့စည်ပင်ဝန်ထမ်းတွေယာယီပျံကျစျေးမှာနံနက်(၇)နာရီဆိုအပူချိန်တိုင်းစစ်ဆေးခြင်း၊စျေးရောင်းချ နေသူတွေနဲ့ စျေးလာဝယ်တဲ့သူတွေနှာခေါင်းစည်းတပ်ထားခြင်းရှိမရှိကိုအမြဲစစ် ဆေးပညာပေးနေပါတယ်။ စားသောက်ဆိုင်နဲ့လဖက်ရည်ဆိုင်တွေကိုလဲပါဆယ်စနစ်ဖြင့်သာရောင်းချဖို့အသိပေးထားပြီးနေ့စဥ်စစ်ဆေးနေ ပါတယ်ဟုစည်ပင်အမှု့ဆောင်အရာရှိဦးကြည်သန့်ဝင်းကပြောသည်။
ဝင်းမြင့်အောင်(မြို့နယ် ပြန်/ဆက်)