ငါးသိုင်းချောင်း အောက်တိုဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ မဲရုံလုံခြုံရေး အထူးရဲသင်တန်းကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ ရှေ့ဆောင်ရပ်ကွက်၊ ရေတံခွန် အခြေခံပညာမူလ တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူးရဲမှူးကြီး မျိုးသန့်ကျော်ဦးဆောင်သော သက်ဆိုင်ရာရဲတပ်ဖွဲ့တာဝန်ရှိသူများ သင်တန်းသို့ ရောက်ရှိခဲ့ပြီး အထူးရဲသင်တန်းသားများနှင့် တွေ့ဆုံအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူးက အထူးရဲသင်တန်း ဖွင့်လှစ်ထားရှိမှုအခြေအနေ၊ အခြေခံစစ်ရေးပြနှင့် ရွေးကောက်ပွဲဆိုင်ရာ အထူးရဲလုပ်ငန်း၊ ဥပဒေဘာသာရပ်ဆိုင်ရာ သင်ကြားပေးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အထူးရဲသင်တန်းကို အောက်တိုဘာလ(၂၈)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ရေကြည်မြို့နယ်ရဲတပ်ဖွဲ့နှင့် ငါးသိုင်းချောင်းနယ်မြေရဲတပ်ဖွဲ့စခန်းတို့မှ နယ်မြေရဲတပ်ဖွဲ့တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ သင်တန်းပို့ချသင်ကြားပေး လျက်ရှိကြောင်းနှင့် ငါးသိုင်းချောင်းမြို့ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု များမှ အထူးရဲသင်တန်းသား(၄၇)ဦး တက်ရောက်သင်ကြားနေကြောင်း သိရသည်။
စိုးမင်းဦး(ပြန်/ဆက်)