စားနပ်ရိက္ခာ အခက်ခဲရှိနေသာ ကျေးရွာသို့ လမင်းတစ်ရာဘက်စုံပရဟိတ ဆရာတော်နှင့်အဖွဲ့မှ စားသောက်ကုန်များ ထောက်ပံ့ကူညီ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှ လမင်းတရာဘက်စုံပရဟိတ ဆရာတော်နှင့် ဘက်စုံလူမှုကူညီရေးအဖွဲ့ (ပုသိမ်)မှ ကိုဗစ်-၁၉ကာလတွင် ကန်ကြီးထောင်မြို့နယ် မိချောင်းတရာကျေးရွာအုပ်စု၊ ရွာသစ်ကုန်း ကျေးရွာရှိ လက်လုပ်လက်စားများကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က စားသောက်ကုန်များ သွားရောက်ထောက်ပံ ကူညီခဲ့ကြောင်း သိရသည်။