စလင်း အောက်တိုဘာ ၇
မကွေတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့တွင် အဝေးပြေးယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား VTMစက်ဖြင့် နှာခေါင်းနှင့် လည်ချောင်းအာခေါင်တို့ဖတ်များ ရယူခြင်းကို ယနေ့ နံနက် ၇ နာရီအချိန်က မြို့နယ် မိုးလုံလေလုံအား ကစားရုံတွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စစ်ဆေးရာတွင် အဝေးပြေးကုန်တင်ကားများမှ ယာဉ်မောင်းနှင့်ယာဉ်နောက် လိုက်များအား VTM စက်ဖြင့် နှာခေါင်းနှင့် လည်ချောင်း အာခေါင်တို့ပတ်များ ရယူစစ်ဆေးပြီး RDT Test Kit ဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၅၁ ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိချက်ခြင်းသိနိုင်ရန်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုးမတွေ့ရှိခဲ့ပါ။
၎င်းစစ်ဆေးခြင်းများ ကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဟိန်းဆက်၏လမ်းညွှန်မှုဖြင့် မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန် ကြီး ဒေါက်တာတင့်ဆွေ ဦးဆောင်သောအဖွဲ့မှ အင်္ဂါ၊ ကြာသာပတေးနေ့နှင့် တနင်္ဂနွေနေ့များ တွင် ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။ အောက်တိုဘာလ ၇ ရက်နေ့တွင် စမ်းသပ်စစ်ဆေး ရာ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက် ၂၈ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရခြင်းမရှိပဲ၊ ကျန် ၃၃ ဦးမှာ နှာခေါင်း၊ လည်ချောင်း အာခေါင် တို့ပတ်များကို ရန်ကုန်မြို့အမျိုးသားကျန်းမာရေး ဦးစီးဌာနသို့ ပို့ဆောင် ဓာတ်ခွဲစမ်းသပ်ရမည် ဖြစ်ကြောင်း သိရှိရသည်။ ရောဂါပိုးမတွေ့ရှိသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့အား ကိုဗစ်-၁၉ရောဂါပိုး ကင်း စင်ကြောင်း ထောက်ခံချက်များ ပြန်လည်ပေးအပ်သွားမည်ဖြစ်ပြီး အဆိုပါယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက် အနံ့အရသာ ပျောက်ဆုံးခြင်း၊ အသက်ရှုခက်ခဲခြင်း စသည့် ကိုဗစ်-၁၉ ရောဂါ လက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ချက်ခြင်းအကြောင်းကြား ရမည်ဖြစ်ကြောင်း အဆိုပါ ထောက်ခံချက်တွင်ပါရှိကြောင်း သိရှိ ရသည်။
မောင်လွင်(ပြန်/ဆက်)