လယ်ဝေးမြို့နယ် မင်းပြင်ကျေးရွာတွင် IPRCC စီမံကိန်းဖြင့်ဆောင်ရွက်လျက်ရှိသည့် ရေရရှိရေးလုပ်ငန်းနှင့် မီးလင်းရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှုလျော့ချရေး ဗဟိုဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ် မင်းပြင်ကျေးရွာတွင် အိမ်တိုင်ရာရောက် ရေရရှိရေးလုပ်ငန်းနှင့် ကျေးရွာမီးလင်းရေးလုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စီးပွားရေးပြန်လည်ကုစားမှုအစီအစဉ် အဖြစ် အသက်(၈၀)နှစ်မှ (၈၅) နှစ်အတွင်း အဘိုး၊ အဘွားများအတွက် ထောက်ပံ့ငွေများ ဆက်လက် ပေးအပ်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အသက် (၈၀)နှစ်မှ (၈၅)နှစ်အထိ အဘိုး၊ အဘွားများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း စီးပွားရေး ပြန်လည်ကုစားမှု အစီအစဉ်အရ ထောက်ပံ့သည့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ရပ်ကွက်များအလိုက် အဘိုး၊ အဘွားများထံ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးလျက်ရှိ သည်။

ချီဖွေမြို့နယ်တွင် မသန်စွမ်းသူ(၄၃)ဦးတို့အတွက် အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ ပေးအပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ကိုဗစ်-၁၉ စီးပွားရေးကုသမှုအစီ အစဉ်အရ ထောက်ပံ့ရန်ကျန်ရှိသော မသန်စွမ်းသူများအား ပထမအကြိမ် ထောက်ပံ့ ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ချီဖွေမြို့နယ်မြို့နယ်အတွင်းရှိ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းမျာက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်ရှိ ပညာရေးဝန်ထမ်းများ စုပေါင်းပြီး မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီထံသို့ ငွေကျပ် သိန်း ၃၀ ကျော်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများ စုပေါင်းပြီး မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံသို့ အလှူငွေများ လှူဒါန်းမှုကို ယနေ့ နံနက် ၁၀ နာရီက စာရေးကုန်းရပ်ကွက် ဝါးခယ်မမြို့နယ်အသင်း (ရန်ကုန်) ရုံးခွဲ၌ ပြုလုပ်ခဲ့သည်။

အင်းစိန်မြို့နယ်၊ စီမံကိန်းဦးစီးရုံးမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ ငွေကျပ်(၅)သောင်းနှင့် ရေသန့်ဘူး(၂၄)ကတ်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် လိုအပ်သည်များတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ စီမံကိန်းဦးစီးရုံးမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ ငွေကျပ်(၅)သောင်းနှင့ ရေသန့်ဘူး(၂၄)ကတ်ကို ယမန်နေ့ နေ့လယ်(၃)နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးတွင် လှူဒါန်းခဲ့သည်။

ကွမ်းလုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန်ပွားမှုမရှိစေရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန်ပွားမှုမှ ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် ဌာနဆိုင်ရာများနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ စက်တင်ဘာ ၁၀ ရက်နေ့မှစ၍ နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ မြို့အဝင်အထွက်ဂိတ်များတွင် ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင်များ ရယူစစ်ဆေးခြင်းနှင့် လူဝင်လူထွက်စာရင်းများ ပြုစုခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြောင်းမြ၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် သတင်းရယူနိုင်ရန် သတင်းရယူခွင့် သက်သေခံကတ်ပြားများ လျှောက်ထားနိုင်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် သတင်းရယူနိုင်ရန်အတွက် သတင်းရယူခွင့် သက်သေခံကတ်ပြားများ စတင် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

တန့်ယန်းမြို့နယ် စောင့်ကြည့်ရေးစခန်း၌ နှာခေါင်းနှင့်အာခေါင်တို့မှ ဓာတ်ခွဲ နမူနာရယူ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများတို့က အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိကြရာ အသွားအလာ ကန့်သတ်ထားသော စောင့်ကြည့်ရေးစခန်း (Facility Quarantine Centre)တွင် ယမန်နေ့ ညနေပိုင်းက နှာခေါင်းနှင့်အာခေါင်တို့မှ ဓာတ်ခွဲ နမူနာ ရယူခဲ့သည်။

မကွေးတိုင်းဒေသကြီး မသန်စွမ်းသူများအသင်းမှ ကိုဗစ်−၁၉ ကာလ အောင်လံမြို့နယ်အတွင်းရှိ မသန်စွမ်းသူ (၉)ဦး အား တစ်ဦး (၃၀၀၀၀/-)နှုန်းထောက်ပံ့ပေးအပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်တွင် မကွေးတိုင်းဒေသကြီး မသန်စွမ်းသူများ အသင်းမှ ကိုဗစ်−၁၉ ကာလ အောင်လံမြို့နယ်အတွင်းရှိ မသန်စွမ်းသူ(၉)ဦးအား တစ်ဦး(၃၀၀၀၀/) နှုန်းထောက်ပံ့ ပေးအပ်မှုကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ် လူငယ်ကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက အိမ်တိုင်ရာ ရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝါးခယ်မ၌ ပါတီအသီသီး၏ ကိုယ်စားလှယ်များ၏ ရှေ့မှောက်၌ ကြိုတင်ဆန္ဒမဲပုံးအား လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်မှ မဲဆန္ဒရှင်ပြည်သူများ၏ ကြိုတင်ဆန္ဒမဲများ ထားရှိမည့် ဆန္ဒမဲပုံးအား မြို့နယ်အတွင်းရှိ ပါတီအသီးသီး၏ ကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင် လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to