လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကင်းစင်ကျန်းမာသူ (၂)ဦး ဆေးရုံဆင်းခွင့်ရ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူ နေကြသည့် positive လူနာဖြစ်သူ Case No.9183  အသက်(၅၉)နှစ် မြို့မရပ်ကွက်(၁)လမ်း နေသူနှင့် Case No.9182 (၂၃)နှစ် မြို့မရပ်ကွက်၊ ၁ လမ်းနေသူတို့(၂)ဦးတို့သည် စက်တင်ဘာလ ၂၆ ရက်နေ့တွင်

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်တွင် (ဒုတိယ)အကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းကို တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် (ဒုတိယ)အကြိမ်မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းကို ကောလင်း မြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်နိုင်ဝင်၊ ကောလင်း မြို့နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းကိုကိုနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့ပေါ်ရပ်ကွက်(၈)ရပ်ကွက်တွင် စစ်ဆေးခဲ့ကြောင်း သိရပါသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရေး အတွက်ဖွဲ့စည်း ထားသောကူ ညီထောက် ပံ့ရေး အဖွဲ့များကလိုအပ်သောပံ့ပိုးကူညီမှုများဆောင် ရွက်နိုင်ရန် ကျေးရွာများအ ရောက် ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်တွင် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ Corona Virus Disease 2019(COVID-19)ကာကွယ်ထိန်းချုပ်နိုင် ရေးအတွက်မြို့နယ် အတွင်းရှိ(Quarantine Center)

ဝမ်းတွင်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Camp (၃၈) နေရာတို့အား ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Camp (၃၈) နေရာတို့အတွက် ကျန်းမာရေးသုံးပစ္စည်းများကိုမြို့နယ်ကိုဗစ်-၁၉(Second Wave)ဦးဆောင်ကူညီရေးအဖွဲ့မှ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

တီးတိန်၌ အသက်(၁)နှစ်ခွဲအောက်ကလေးများပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေး

ချင်းပြည်နယ်၊တီးတိန်မြို့နယ်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ တီးတိန်မြို့ပေါ် (၄)ရပ်ကွက်နှင့် ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ အသက်(၁)နှစ်ခွဲအောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများထိုးနှံခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် လွယ်ဘွာလ်း ရပ်ကွက်နှင့် လေးလုမ်းရပ်ကွက်တွင် တိုက်ကျွေးထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

စေတုတ္တရာမြို့နယ် ဖအိုင်းအရှေ့ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ် တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ဖအိုင်းအရှေ့ကျေးရွာ အခြေခံပညာ အလယ်တန် ကျောင်း(ခွဲ) စာသင်ကျောင်းဆောင်သစ်အား ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံ ငွေဖြင့် မြတ်ထွန်းနိုင် ကုမ္မဏီက တာဝန်ယူတည်ဆောက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ကချင်ပြည်နယ်အတွင်းရှိဆေးရုံများမှ ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာများကို ရန်ကုန်မြို့ရှိ အမျိုးသား ဓာတ်ခွဲဌာနသို့ ဒုတိယအကြိမ် သွားရောက်ပို့ဆောင်

ကချင်ပြည်နယ်အတွင်းရှိဆေးရုံများမှ ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာများကို ရန်ကုန်မြို့ရှိ အမျိုးသား ကျန်းမာရေးဓာတ်ခွဲဌာနသို့ ပို့ဆောင်ရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဘရန်ဒီး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်း(၁)ဦးနှင့်အတူ ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဦးမောင်မောင်ချို၊ ဦးစီးမှူး တတိယတန်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဦးအောင်မြတ်သူ ဒုတပ်ဖွဲ့မှူးတို့လိုက်ပါလျက် ယမန်နေ့ နံနက် (၇) နာရီခွဲက မြစ်ကြီးနားမြို့မှ ရန်ကုန်မြို့သို့ ဒုတိယအကြိမ် ထွက်ခွာသွားကြောင်း သိရသည်။

မိုင်းငေါ့မြို့တွင် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင်၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ထုတ်ဝေသော အသိပညာ‌ပေးလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဝန်ထမ်းများမှ ယနေ့နံနက်ပိုင်းက မြို့မဈေး၊ မြို့တွင်းလမ်းတစ်လျှောက် ဖွင့်လှစ်ထားသော ကုန်စုံဆိုင်များနှင့် ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကံမမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်အဝင်အထွက်တွင် ကျန်းမာရေး စစ်ဆေးရေး ဂိတ် နှစ်ခုထားရှိ

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကံမမြို့နယ်သည် ပဲခူးတိုင်းဒေသကြီးနှင့် ဆက်စပ်နေသည့် နယ်စပ်မြို့နယ် တစ်ခုဖြစ်သည့်အတွက် မြို့နယ်အတွင်း ဖြတ်သန်းသွားသည့် ပုသိမ်-မုံရွာ ကားလမ်းမ ပေါ်ရှိ ပြကြီးကျေးရွာ အနီး၌ ကျန်းမာရေးစစ်ဆေးရေးဂိတ်တစ်ခုနှင့် ပြည်-သရက်ကားလမ်း နယ်စပ်အနီး ပေပင်ကျေးရွာ၌ ကျန်းမာရေး စစ်ဆေးရေးဂိတ်တစ်ခုတို့အား ၂၄ နာရီ ဖွင့်လှစ်၍ မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်တီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်း များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဇလွန်မြို့နယ်တွင် ဈေးရောင်း/ဈေးဝယ်များ Mask တပ်ဆင်မှုရှိစေရေးပူးပေါင်းအဖွဲ့ဖြင့် နေ့စဉ်စစ်ဆေးခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်မြို့မစျေးသစ်တွင် ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက်ဈေးရောင်းဝယ်ကြသူများတွင် Mask တပ်ဆင်မှုရှိစေရေးကို ပူးပေါင်းအဖွဲ့ဖြင့် နေ့စဉ်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Subscribe to