မြောက်ဥက္ကလာပမြို့နယ် မယ်လမုသုံးထပ်ဓမ္မာရုံ Community Based Facility Quarantine Centre တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်း
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်(၂)ရပ်ကွက်ရှိ မယ်လမုသုံးထပ်ဓမ္မာရုံ Community Based Facility Quarantine Centre တွင် မြို့နယ်အတွင်းရှိ ဖွင့်လှစ်ထားသည့် Quarantine Centre များ၌ အသုံးပြုရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ယမန်နေ့ နေ့လယ် ၁ နာရီက ပေးအပ်ခဲ့ကြောင်း သိရသည်။