ပုသိမ်​မြို့ ဟွာပိုတိုင်းအထည်ချုပ်စက်ရုံမှ ငွေဆောင်မြို့သို့ ပြန်လည်ရောက်ရှိလာသူအား Facility Quarantine Centre သို့ပို့ဆောင်

ငွေဆောင်   အောက်တိုဘာ   ၇

ပုသိမ်ခရိုင်၊ ငွေဆောင်မြို့သို့  ပုသိမ်မြို့၊ ဟွာပိုတိုင်းအထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်ပြီး ပြန်လည် ဝင်ရောက်လာသူ(၁)ဦးနှင့် သွားရောက်ခေါ်ဆောင်သူတစ်ဦးအား ငွေဆောင်မြို့ဝင်ဂိတ်မှ အ.ထ.က ငွေဆောင်ကျောင်းရှိ Facility Quarantine Centre သို့ ယနေ့နံနက် ၈ နာရီချိန်က ထားရှိပြီးကြောင်း သိရသည်။

အဆိုပါ Facility Quarantine Centre သည် ရောဂါအဖြစ်များသော ဒေသများမ ှငွေဆောင်မြို့သို့ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည် ဝင်ရောက်လာသူများ ထားရှိရန် ဆောင်ရွက်ထားခြင်းဖြစ်ပြီး လက်ရှိအခြေအနေတွင် ယခုပြန်လည်ဝင်ရောက်လာသည့်(၂)ဦး သာရှိကြောင်း၊ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မူမူသွင်(ပြန်/ဆက်)