ဟိုပုံးမြို့ မြို့ဦးကွက်သစ်ရပ်ကွက်နှင့် တုံခမ်းရပ်ကွက်တို့တွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ မြို့ဦးကွက်သစ်ရပ်ကွက်နှင့် တုံခမ်းရပ်ကွက်တို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူတိုင်း ဆန္ဒမဲပေးနိုင်ရေး ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေးအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲ ကို ယနေ့ နံနက် ၁၀နာရီအချိန်က မြို့ဦးကွက်သစ်ရပ်ကွက် ဘုန်းတော်ကြီးကျောင်းနှင့် တုံခမ်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့တွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှပေးပို့သည့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ဝန်းသိုမြို့နယ်ရှိ Volunteer စေတနာ့ဝန်ထမ်းအဖွဲ့များ အားပေးအပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ဆိုင်ရာ လုပ်ငန်းစဉ်များတွင် မေတ္တာ၊ စာဂ၊ ဝီရိယကိုအခြေခံ၍ ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည့် Volunteer စေတနာ့ဝန်ထမ်းအဖွဲ့များအား ပေးပို့သည့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ဒေါင်းမြူးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ သန့်ရှင်းရေးဝန်ထမ်းများအား အာဟာရဒါန ထမင်းဘူးများလှူဒါန်း

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ သန့်ရှင်းရေး ဝန်ထမ်းများ အတွက် အာဟာရဒါနအဖြစ် အရိပ်စစ်ပရဟိတအင်အားစု (သန်လျင်) မှ ထမင်းဘူးများကို ယမန်နေ့ နံနက် ၁၀ နာရီက

မြောက်ဥက္ကလာပမြို့နယ် စေတနာရှင်လူမှုဘဝစောင့်ရှောက်ရေးအသင်းသို့ PPE ဝတ်စုံ၊ မျက်မှန်နှင့် ခြေအိတ်များလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (ဇ)ရပ်ကွက်ရှိ စေတနာရှင်လူမှုဘဝ စောင့်ရှောက်ရေးအသင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် PPE ဝတ်စုံ၊ မျက်မှန်နှင့် ခြေအိတ်များကို ယမန်နေ့ နေ့လယ်ပိုင်းက နာရေးကူညီမှုအသင်း (ရန်ကုန်)မှ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပုသိမ်၌ On line မှတဆင့် အသိပညာပေးလုပ်ငန်းများအား ဝန်ဆောင်မှုပေး

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများဖြစ်ပွားနေသောကြောင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ပုသိမ်ခရိုင် ပြည်သူ့စာကြည့်တိုက်အား ခေတ္တယာယီ ပိတ်ထားစဉ် ကာလကာအတွင်း စာပေကိုချစ်မြတ်နိုး‌သော စာဖတ်ပရိသတ်များနှင့် ကလေးငယ်များ အသိပညာ ဗဟုသုတများ တိုးပွားစေရန်အတွက် အသိပညာပေးလုပ်ငန်းများကို ပုသိမ်ခရိုင် ပြည်သူ့စာကြည့် တိုက် Facebook page On line အစီအစဉ်ဖြင့် အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ဝန်ဆောင်မှုပေးလျက်ရှိသည်။

ကိုဗစ် - ၁၉ ရောဂါပိုး ကုသရေးကုတင် (၅၀၀) ဆံ့ Yangon Convention Center (YCC) အင်းယား စင်တာ ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေအားတာဝန်ရှိသူများလာရောက်ကြည့်ရှု

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်းဒေသကြီး အစိုးရအဖွဲ့တို့၏ လမ်းညွှန်ချက် များနှင့်အညီ ကိုဗစ်- ၁၉ ရောဂါကုသရေးအတွက် ကမ္ဘောဇဘဏ်မှ ငွေကျပ်သိန်း (၇၀၀၀)နှင့် ရွှေသံလွင် ကုမ္ပဏီမှ

မြောက်ဥက္ကလာမြို့နယ် အ.ထ.က(ခွဲ)လ(၁၀) Quarantine Centreမှ ကိုဗစ်-၁၉ ရောဂါ Negative ထွက်ရှိသူများအား နေအိမ်များသို့ ပြန်လည်ပို့ဆောင်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးရှိသူများနှင့် ဆက်စပ်သူများထားရှိသည့် Quarantine Centre (၁၂)ခုနှင့် အနံ့မရသူများသာ သီးသန့်ထားရှိသည့် Quarantine Centre (၃)ခုရှိပြီး ယမန့်နေ့ ညနေက ရွေပေါက်ကံရပ်ကွက်ရှိ အ.ထ.က(ခွဲ)လ(၁၀) ကျောင်းတွင် Quarantine ဝင်ရောက်သူ (၁၀၄)ဦးအနက် (၃၈)ဦးတွင် ကိုဗစ်-၁၉ ရောဂါ Positive ထွက်ရှိ ကြောင်း စစ်ဆေးတွေ့ရှိရပြီး တိုင်းကျန်းမာရေးအစီအစဉ်ဖြင့် သက်မှတ်ဆေးရုံများတွင် ဆေးကုသမှု ခံယူပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ဘောဂလိမြို့တွင် တစ်ပိုင်တစ်နိုင် ဝဥတူးဖော်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ ဘောဂလိမြို့အတွင်းရှိ ဒေသနေပြည်သူများသည် တစ်ပိုင်တစ်နိုင်ဝဥတူးဖော်ရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိကြောင်း သိရှိရသည်။

ဒေါပုံမြို့နယ် အ-ထ-က (၁) အသွားအလာကန့်သတ်စောင့်ကြည့်နေရာတွင် မြက်၊ချုံနွယ်များ အား သန့်ရှင်းရေး လုပ်ငန်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းဝင်းအတွင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်နေရာတွင် ယမန်နေ့ နံနက်(၉)နာရီ က သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
Subscribe to