ချောင်းဦး အောက်တိုဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ခင်မွန် နည်းပညာ ပြန့်ပွား ရေးစင်တာနယ်မြေအတွင်းရှိ ချောင်းဦးမြောက် ၊ ရန်အောင်မြေ နှင့် ချောင်းဦးတောင် အုပ်စုတို့တွင် COVID - 19 ကာလအတွင်း စီးပွားရေးကုစားမှု ( CERP ) အစီစဉ်ဖြင့် မိုးစပါး မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်း များအား ယနေ့ နံနက်(၉)နာရီ အချိန်က ခင်မွန်နည်းပညာ ပြန့်ပွားရေး စင်တာနယ်မြေအတွင်းရှိ စိုက်ခင်းများအား ကွင်းဆင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် ချောင်းဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦး က ယခုလို ကွင်းဆင်း နည်းပညာပေးလုပ်ငန်းကို COVID -19 ကာလအတွင်း စိုက်ပျိုးရေး နည်း ပညာ ဆိုင်ရာအခက်အခဲ့များကို တောင်သူများ စဉ်ဆက်မပြတ် လက်လမ်းမီစေရန် ရည်ရွယ် ချက်ဖြင့် ဆောင်ရွက် ခြင်းဖြစ်ကြောင်း ပြောပြသည်။
ထို့နောက် ခင်မွန်နည်းပညာပြန့်ပွားစင်တာတာဝန်ခံ ဦးအောင်ဆွေဦး ၊ ချောင်းဦးမြောက် ရန်အောင်မြေ အုပ်စု တာဝန်ခံ ဒေါ်မြင့်မြင့်သီ ၊ ချောင်းဦးတောင်အုပ်စုတာဝန်ခံ ဒေါ်ထက်ထက် အောင်နှင့် ခင်မွန်နည်း ပညာ ပြန့်ပွား ရေးစင်တာမှ စိုက်ပျိုးပညာပေး ဝန်ထမ်း များသည် COVID - 19 ကာလအတွင်း တောင်သူများ အားနည်းလမ်းသစ်တစ်ခုအနေဖြင့် စိုက်ခင်းအတွင်း တုတ်တိုင်စိုက်ထူကာ စာအိတ်ဖြင့် ကွင်းဆင်း တွေ့ရှိ ချက်များရေးသားခြင်းနှင့် ပြုလုပ်ရမည့် နည်းပညာများကိုလည်း တောင်သူများသိရှိစေရန် လက်တွေ့ ကွင်းဆင်းပညာပေး ဆောင်ရွက် ခဲ့ကြသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် ချောင်းဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦး နှင့် ဝန်ထမ်းများ၊ ခင်မွန်နည်းပညာပြန့်ပွားရေးစင်တာနယ်မြေအတွင်းရှိ မိုးစပါးမျိုးသန့် မျိုးစေ့ ထုတ် စိုက်ပျိုးတောင်သူများ လာရောက်လေ့လာခဲ့ကြောင်း သိရသည်။
အိအိအောင် (ချောင်းဦး)