ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား RDT Test Kit ဖြင့် ကျန်းမာရေးစစ်ဆေး ပေး

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဝင်ရောက်လာသည့် ကုန်တင်မော်တော်ယာဉ်များနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ထွက်ခွာမည့် ကုန်တင်မော်တော်ယာဉ်များရှိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား အောက်တိုဘာ ၅ ရက်နေ့မှ စတင်၍ RDT Test Kit ဖြင့် စစ်ဆေးပေးလျက် ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန် ရေးကော်မတီက ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်နှင့် နှာခေါင်းစည်းများ လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ အတွင်း ဆရာတော်၊ သံဃာတော်များအား ဆွမ်းလိုအပ်မှု မရှိစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီက ဘုန်းတော်ကြီးကျောင်းများသို့ ယမန် နေ့ ညနေပိုင်းက ဆွမ်းဆန်နှင့် နှာခေါင်းစည်းများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်/ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား နိုင်ငံတော်မှထောက်ပံ့သည့် ငွေများကိုယမန်နေ့ မွန်းလွဲ (၃)  နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ ကြောင်းသိရ သည်။

အလုံမြို့နယ် အ-ထ-က(၄)အလုံ နှင့် အ-ထ-က(၇)အလုံ အသွားအလာ ကန့်သတ် စောင့်ကြည့် နေရာများတွင် အင်တာနက်အခမဲ့သုံးစွဲနိုင်ရေး Wi-Fi တပ်ဆင်ဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၄)အလုံနှင့် အ-ထ-က(၇)အလုံ အသွား အလာ ကန့်သတ် စောင့်ကြည့်နေရာများတွင် အသွားအလာကန့်ကတ်ခံထားသူ ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများ၊

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်တွင် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေနှင့် Covid-19 Special Relief Lone ဘဏ်ချေးငွေများ ရာနှုန်းပြည့် ထုတ်ချေးပြီးဖြစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများနှင့် Covid-19 Special Relief Lone ဘဏ်ချေးငွေများ ထုတ်ချေး ပြီးစီးပြီးဖြစ်ကြောင်း တမူးမြို့ နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးညွှန့်အေး ထံမှ သိရသည်။

တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသော ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့လူနာအား ကျန်းမာရေး ကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြု

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၏ ပထမဆုံး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာဖြစ်သည့် စမ်းကုန်းကျေးရွာမှ အသက်(၁၈)နှစ်အရွယ် အမျိုးသားအား မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် သတ်မှတ်ရက် (၁၁)ရက် စောင့်ကြည့်ကုသပြီးဖြစ်၍ ယနေ့နေ့လယ်(၁၁)နာရီအချိန်က ဆေးရုံမှ ဆင်းခွင့်ပြု လိုက်ပြီဖြစ် ကြောင်း သိရသည်။

အလုံမြို့နယ် အ-ထ-က(၄)အလုံ  အသွားအလာကန့်သတ်စောင့်ကြည့်နေရာသို့ ကော်ရည် ခေါက်ဆွဲဘူးများ လာရောက် လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၄) အလုံ အသွားအလာ ကန့်သတ် စောင့်ကြည့်နေရာရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများအတွက်

သာကေတမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများ၏ ဒုတိယအကြိမ်မဲဆန္ဒရှင် အမည်စာရင်းများအား ကပ်ထားကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အတွက် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ၏ ဒုတိယအကြိမ် မဲဆန္ဒရှင်အမည်စာရင်း များကို အောက်တိုဘာ(၁)ရက်နေ့ နံနက်ပိုင်းက စတင်၍ မြို့နယ်အတွင်း ရှိ ရပ်ကွက်(၁၉) ရပ်ကွက်၌ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများမှ ရပ်ကွက်အလိုက်၊ လမ်းအလိုက်၊ နယ်မြေ အလိုက် ကပ်ထားကြေညာထားကြောင်း သိရသည်။

ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် RWS-MIS စနစ်ဖြင့် ကျေးလက်ရေသုံးစွဲမှု အချက်အလက်များကောက်ယူ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ RWS-MIS စနစ်ဖြင့် ကျေးလက်သောက်သုံးရေရရှိ‌ရေး ရေသုံးစွဲမှု အခြေအနေများကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စစ်တမ်းကောက်ယူလျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြို့မဈေးအတွင်း ဈေးရောင်း သူများနှင့် လာရောက်ဈေး၀ယ်သူများအား အပူချိန်တိုင်းတာခြင်း လက်ဆေးမှုများပြုလုပ်ခြင်းနှင့် Mask များ တပ်ဆင်စေရေးများအား အဆက်မပျက် ပြုလုပ်ဆောင်ရွက်ကာ အသိပညာပေးခြင်းများ ဆောင် ရွက်လျက်ရှိပြီး ယနေ့တွင် ဈေးရောင်းသူနှင့် ဈေး၀ယ်လာရောက်၀ယ်သူများ Mask တပ်ဆင်မှုရှိ စေရေးအတွက် ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Subscribe to