ပေါင်းတည် အောက်တိုဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့၊ မင်းကွက်(၁)ရပ်ကွက် သာသနာ့ပါလ သီလရှင် စာသင်တိုက်တွင်သီတင်းသုံး နေထိုင်သော စာချ၊စာသင် သီလရှင်ဆရာကြီး၊ ဆရာလေး များအား ကိုဗစ်၁၉ ကာလအတွင်း ပစ္စည်းလေးပါး သုံးဆောင်နိုင်ရန် အလို့ငှာ ပြည့်စုံမှု ရှိစေရေးအတွက် ပေါင်းတည်မြို့နယ် မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်/မိသားစုဝင်များက စုပေါင်းလှူဒါန်းသည့် နဝကမ္မဝတ္ထုငွေ (၁၀၀၀၀ဝိ/-) တစ်သိန်းကျပ်အား ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်မီးသတ် ဦးစီးမှူး ဦးစည်သူဝင်းနှင့် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင် များမှ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
တင်ဝင်းဇော်(မင်းသားကြီး)