မံစီ အောက်တိုဘာ ၇
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မံဝိန်းကြီးကျေးရွာ ရပ်ကွက် (၄)တွင် နေထိုင်သည့် အလှူရှင်ဒေါ်ရွယ်တောင်မိသားစုမှ ကျေးရွာအတွင်း၌ ကိုဗစ်-၁၉ ကာလ စားနပ်ရိက္ခာများ လှူန်ဒါန်း ပေးအပ်လျက်ရှိကြောင်းသိရသည်။
ယမန်နေ့နံနက် ၈ နာရီက ကျေးရွာအတွင်းရှိ အသက် (၇၀)နှစ် အထက်ရှိ သက်ကြီးဘိုးဘွားများနေထိုင်သည့် အိမ်ထောင်စုများတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် ၅ ပြည်၊ ဆီ ၁ ပိဿာ၊ ဆား ၁ ပိဿာနှုန်းဖြင့်လှည့်လည် လှူဒါန်းပေးအပ်ခဲ့ရာ အိမ်ထောင်စု(၄၀၃)စု ကို လှူဒါန်းပေးအပ်ခဲ့ကြောင်းသိရသည်။
အလားတူ စားနပ်ရိက္ခာ လှူဒါန်းမှုကို ကျေးရွာအတွင်းရှိ တိုက်ပွဲရှောင်နေရပ်စွန့်ခွာပြည်သူ များကိုလည်း အလှူရှင်မိသားစုမှ လှူဒါန်းမှုများပြုလုပ်ခဲ့ရာ အောက်တိုဘာ ၂ ရက်နေ့တွင်ရပ်ကွက်(၇) အတွင်းရှိ တိုက်ပွဲရှောင်စခန်းမှ အိပ်ထောင်စု (၃၁၀)စု ကိုလည်းကောင်း၊ အောက်တိုဘာ ၃ ရက်နေ့ တွင် ရပ်ကွက် (၁) အတွင်းရှိ ကက်သလစ် သာသနာ တိုက်ပွဲရှောင်စခန်းမှ အိမ်ထောင်စု (၆၀၀)စု ကိုလည်းကောင်း၊ အောက်တိုဘာ ၅ ရက်နေ့တွင် နှစ်ခြင်းသာသနာ တိုက်ပွဲရှောင်စခန်းမှ အိမ်ထောင်စု (၂၈၇)စု ကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့သည်။
ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးများခက်ခဲမှုများရှိကြမည်ဖြစ်သည့်အတွက် တိုက်ပွဲ ရှောင်နေရပ်စွန့်ခွာ ပြည်သူများနှင့် ကျေးရွာအတွင်းမှ အခက်အခဲရှိသည့် အိပ်ထောင်များကို အလှူ ရှင်မိသားစုမှ စားနပ်ရိက္ခာ ထောက်ပံ့မှုအဖြစ် တတ်စွမ်းသမျှကူညီလှူဒါန်းခြင်းဖြစ်ပြီး အိမ်ထောင်စု ပေါင်း (၁၆၀၀)စု ကိုလှူဒါန်းပေးအပ် ခဲ့ကြောင်းသိရသည်။
ရိန် (ပြန်/ဆက်)