မံစီမြို့နယ်၌ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်း လုပ်ငန်းကို ပုံမှန်ဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၌ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းကို လစဉ်ပုံမှန် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက မံစီမြို့တော်ခန်းမ၌ အသက်(၁)နှစ်အောက် ကလေးငယ်များကို ထိုးနှံတိုက်ကျွေး ပေးခဲ့ကြောင်း သိရသည်။

ချောင်းသာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်

ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ် မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ တာဝန်ခွဲဝေ၍ မြို့ဝင်စစ်ဆေး ရေးဂိတ်ပြုလုပ်ကာ အလှည့်ကျတာဝန်ယူဆောင် ရွက်ခြင်း၊ စောင့်ကြည့်ရေးအဖွဲ့များ၊ ရွေ့လျှားအဖွဲ့များ ဖွဲ့စည်းထားပြီးကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်း ပြည်သူများလိုက်နာနိုင်ရန် ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ Quarantine Center များပြုလုပ်၍

တနင်္သာရီ၌ Quarantine ဝင်ရောက်ပြီးသူ (၆၆၁) ဦးအား နှာခေါင်းတို့ဖတ်/အာခေါင်တို့ဖတ်ပေးပို့ စစ်ဆေးရာ (၆၆၁) ဦးစလုံး ပိုးမတွေ့ရသေးကြောင်း သိရှိရ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရေးအတွက် နိုင်ငံရပ်ခြားနှင့် တိုင်းနှင့်ပြည်နယ် /မြို့နယ်ခြားဒေသအသီးသီးမှ နေရပ်သို့ပြန်လာသူများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်

ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်တွင် ထိုင်ဝမ်ခရမ်းချဉ်သီးဈေးကောင်း၍ စိုက်ပျိုးသူများပြားလာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဟင်းသီး၊ ဟင်းရွက်သီးနှံများကို ရာသီအလိုက် စိုက်ပျိုးကြပြီး ထိုင်ဝမ်ခရမ်းချဉ်သီးဈေးကောင်းရရှိနေ၍ စိုက်ပျိုးသူများပြားလာ ကြောင်းသိရသည်။

ဒေးဒရဲ၌ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁နာရီတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထန်းတပင်မြို့နယ်တွင်  ဒုတိယအကြိမ် အခြေခံမဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေငြာမှုအား တာဝန်ရှိသူ များမှ ကြည့်ရှုစစ်ဆေး

၂၀၂၀ပြည့်နှစ်နိုဝင်ဘာ(၈)ရက်နေ့ တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ  အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများကို ပဲခူးတိုင်းဒေသကြီး  တောင်ငူခရိုင် ထန်းတပင်မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌အောက်တိုဘာ (၁ )ရက်နေ့မှ စတင်၍ ဒုတိယအကြိမ် ကပ်ထားကြေငြာလျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့စည်ပင်သာယာစျေးကြီးတွင် ရောင်းချလျက်ရှိသော စျေးသည်များနှင့် စျေးဝယ်သူများ နှာခေါင်းစည်းများ တပ်ဆင်ရန် ကြပ်မတ်ဆောင်ရွက်

မိတ္ထီလာမြို့စည်ပင်သာယာစျေးကြီးအတွင်း ရောင်းချလျက်ရှိသော စျေးသည်များနှင့် စျေးဝယ်များ နှာခေါင်းစည်းများ တပ်ဆင်ရန် ယမန်နေ့ နံနက်က ၈ နာရီခွဲအချိန်က တာဝန်ရှိသူများက ကွင်းဆင်း၍ ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘိုကလေး၌ ဝင်ငွေနည်းပါးသည့် အိမ်ထောင်စုများအား စိတ်တူကိုယ်တူ ညီအစ်ကိုများစုပေါင်း၍ ဆန်ရိက္ခာ လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ဗိုလ်တေဇလမ်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလဖြစ်သည့်အလျောက် အခြေခံအိမ်ထောင်စုများ အနေဖြင့် ဝင်ငွေလျော့နည်းမှုများ ရှိလာသည့်အတွက် စိတ်တူကိုယ်တူ ညီအစ်ကိုများ စုပေါင်း၍ ဘိုကလေးမြို့နယ် အတွင်းရှိ အခြေခံအိမ်ထောင်စုများအား ယနေ့ နံနက်(၉)နာရီခန့်မှ စတင်၍ ဆန်ရိက္ခာ လှူဒါန်းခဲ့​ကြောင်းသိရသည်။

​​​​​​​သုံးခွမြို့နယ်တွင်Stay at Homeကာလအတွင်းစည်းကမ်းချက်များလိုက်နာရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့၌ Stay at Home ကာလအတွင်း ကိုဗစ်-၁၉ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် ယမန် နေ့နံနက်ပိုင်း အချိန်တွင် သုံးခွမြို့စျေးအနီး နှင့်ရာဇာစတိုးလမ်းစုံတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းသို့ ပြန်လည်ဝင်ရောက်မည့် ပင်းတယနှင့် ရွာငံမြို့နယ်များမှ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ Test Kit ဖြင့် ရောဂါရှာဖွေ စမ်းသပ်ပေးမည်

ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းသို့ ပြန်လည်ဝင်ရောက်လာမည့် ပင်းတယနှင့် ရွာငံမြို့ရှိ ဒေသနေ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရွာငံမြို့ရှိ မြို့ကြီးကျေးရွာ အဝင်ဂိတ်တွင် ကိုဗစ်-၁၉ Test Kit များဖြင့် ရောဂါရှာဖွေစမ်းသပ်ပေးခြင်းကို အောက်တိုဘာလ ၉ ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Subscribe to