စုကလိမြို့တွင် အသက်(၂)နှစ်အောက်က လေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ် ဆေးထိုးခြင်း များဆောင်ရွက်

အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ အားပုံမှန်ကာကွယ် ဆေးတိုက်ကျွေး ထိုးနှံခြင်းကို ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့

ကသာခရိုင် အင်းတော်မြို့တွင် မိုးစပါးစိုက်ခင်းများအတွင်း ပိုးပွားများ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မဲဇာနည်းပညာပေးစင်တာ နယ်မြေ အတွင်းရှိ တောင်သူ ဒေါ်ဝင်းမြ၏ မိုးစပါး ဆင်းဧကရီ-၃ မျိုးစေ့ထုတ်စိုက်ကွက်နှင့် စိုက်ခင်းများ အတွင်း ပိုးမွှားများ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် မြေဩဇာများအချိုးကျ မှန်ကန်စွာ အသုံးပြုတတ် စေရေး ၂၂ဆ၃၃နှင့် သဘာဝမြေဩဇာများ ပြုလုပ်သုံးစွဲတတ်စေရေးတို့အတွက် အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့က ကွင်းဆင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ကန်ကြီးထောင့်၌ တိုင်းရင်းဆေးပညာ အသိပညာပေး Talk Show အစီအစဉ် ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခြေခံတိုင်းရင်းဆေးပညာ အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပြီး အွန်လိုင်းမှတစ်ဆင့် ဝန်ဆောင်မှုတင်ဆက်ပေးခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ မိုးစပါးစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများ စိုက်ပျိုးထားသော မိုးစပါးစိုက် ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။

ဆင်ဘိုမြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအတွက် မဲပေးခွင့် ရှိသူစာရင်း ဒုတိယအကြိမ်ကြေညာ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်းကို အောက်တိုဘာ ၁ရက် နံနက်ပိုင်းမစ၍ ​ကြေညာထားပြီ ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်နယ်စပ် နောင်ချို၊ ခြေမြစ်ပင်ကျန်းမာရေးစစ်ဆေးရေး စခန်းတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kits ဖြင့် စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နောင်ချိုမြို့နယ် ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေး ဦးစီးမှူး ဒေါက်တာကိုကို ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဓာတ်ခွဲပညာရှင်များက မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် နယ်စပ်ဖြစ်သော နောင်ချိုမြို့နယ်၊ ခြေမြစ်ပင် ကျန်းမာရေးစစ်ဆေးရေး စခန်းတွင် ရှမ်းပြည်နယ်အတွင်းမှ ထွက်ခွာမည့်ကုန်တင်ယာဉ်များမှယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များအား Test Kitsဖြင့် စစ်ဆေးခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ကယာဉ်မောင်း နှင့် ယာဉ်နောက်လိုက် (၂၅၀)ဦးကို စစ်ဆေးခဲ့ရာ ရောဂါပိုးမတွေ့ရှိကြောင်း သိရသည်။

ဗန်းမော်မြို့နယ်၌ နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာရန် အချက်များ ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအား မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရွာတွင် လိုက်နာရန်အချက်များ ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီ (၉)ခုမှ တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ အခြားမြို့များသို့ ပြေးဆွဲမည့် ကုန်စည်ကား ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များအား ကိုဗစ်−၁၉ ကပ်ရောဂါ ရှိ/မရှိ စတင်စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကုန်စည်စီးဆင်းမှုများပြတ်တောက်မှုမရှိစေရေး အတွက် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့စီစဉ်မှုဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကိုဗစ်-၁၉ကပ် ရောဂါထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီမှ ပူးပေါင်းပါဝင်လျက် ယနေ့နံနက်ပိုင်းမှ စတင်ကာ ကလေးမြို့မှအခြားမြို့များသို့ အရေး ပေါ်ကုန်စည်ကားများပြေးဆွဲမည့်ယာဉ်မောင်းများ ၊ ယာဉ်နောက်လိုက်များအား တစ်ဦးလျှင်(၂၀၀၀၀)နှုန်းဖြင့် အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါရှိ/မရှိ စတင်စစ်ဆေးပေးလျက်ရှိကြောင်းသိရသည်။

ပန်းတောင်းမြို့နယ် ကြက်ခြေနီ တပ်ဖွဲ့မှ Mask  Campaign ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်တာဆီးနိုင်ရေး ၊ ပြည်သူများ နှာခေါင်းစည်းတပ်ဆင်အသုံးပြုကြရေးအတွက် မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့မှ ဦးဆောင်၍ Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့နံက်ပိုင်းက
Subscribe to