မြောက်ဥက္ကလာပမြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့် အုတ်စီရေနုတ်မြောင်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီမှ မိုးတွင်းကာလရေစီးရေလာ ကောင်းမွန် စေရန်၊ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့် အုတ်စီရေမြောင်း များ ဆောင်ရွက်နေမှုကို ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်း စစ်ဆေးကြည့်ရှုခဲ့သည်။

ချင်းပြည်နယ်အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနအတွင်းရှိ ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ် ထောက်ပံ့

ချင်းပြည်နယ်အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိမိဌာနအတွင်းရှိ ဝန်ထမ်းသားသမီး များအား ၂၀၂၀-၂၀၂၁ပညာသင်နှစ် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဟားခါးမြို့၊ ပြည်နယ်အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းက ချင်းပြည်နယ်အထွေထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အနေဖြင့် မိမိဌာနအတွင်းရှိ ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေး ရခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ ဆက်လက်၍ နှစ်စဉ်ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ နိုင်ရန်အတွက် ကြိုးစားဆောင်ရွက်ရေးတို့ကို လည်းကောင်း ရှင်းလင်း ပြောကြားသည်။

ကန်ကြီးထောင့်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ဦးအား တူညီဝတ်စုံများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ဦးအား မီးလောင်ပြင်သုံးနှင့် ရှာဖွေ ကယ်ဆယ်ရေးသုံး တူညီဝတ်စုံများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နေ့လယ် ၁ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ် ခဲ့သည်။

မတူပီမြို့၌ Mobile Tablet ကို အသုံးပြု၍ ပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုပေးရန် ကျန်းမာရေးကြီးကြပ်(၂)များအား မွမ်းမံသင်တန်းပို့ချ

ချင်းပြည်နယ် မတူပီမြို့၌ Mobile Tablet ကိုအသုံးပြု၍ ပြည်သူများအားကျန်းမာရေး စောင့်ရှောက်မှုပေးရန် ကျန်းမာရေးကြီးကြပ်(၂)များအား မွမ်းမံသင်တန်းပို့ချခြင်းကို မြို့နယ် ကျန်းမာရေးဦးစီးဌာနရုံးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်းများသို့ နှာခေါင်း စည်း (Mask)များ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် COVID-19ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ

ပန်ဝါမြို့၌ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေ ပေးအပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှ တစ်အိမ်ထောင်လျှင် ကျပ်(၂)သောင်းနှုန်းဖြင့် ထောက်ပံ့ ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၃)နာရီတွင် အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

တောင်ဥက္ကလာပမြို့နယ်တွင် အထက်တန်းအဆင့်ကျောင်းများ COVID-19ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက် များနှင့်အညီ ဖွင့်လှစ်ခြင်းရှိ၊မရှိ ရှောင်တခင်စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အမှတ်(၁) နှင့် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းများအား COVID-19ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ခြင်းရှိ၊ မရှိကို ယနေ့နံနက်ပိုင်း၌ ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရသည်။

ရွှေကူမြို့နယ်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကြေညာပြီး ၁၁ ရက်အတွင်း လာရောက်ကြည့်ရှုသူ ၁၅၆၂၆ ဦးရှိ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင် စာရင်းကပ်ထား ကြေညာခြင်းကို ၁၁ ရက်အတွင်း ပြည်သူများ စိတ်ဝင်စားစွာ လာရောက်ကြည့်ရှုပြီး မိမိအမည် မပါဝင်ခြင်းကို လျှောက်ထားခြင်း၊ ကန့်ကွက်လွှာ လျှောက်ထားခြင်း၊ အချက်အလက်များ မှားယွင်းနေမှုကို ပြန်လည်ပြင်ဆင်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ဘောလခဲမြို့နယ် ကော်မရှင်အဖွဲ့ခွဲ အစည်းအဝေးကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ် ကော်မရှင်အဖွဲ့ခွဲ အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ခန်းမ၌ ကျင်းပသည်။
Subscribe to