မွန်ပြည်နယ် ကျိုက်မ​ရောမြို့နယ်တွင် မဲရုံမှူး၊ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ​ရွေး​ကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်

မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုက​ရေစီ အ​ထွေ​ထွေ ​ရွေး​ကောက်ပွဲတွင် မဲရုံ အသီးသီး၌ တာဝန်ထမ်း​ဆောင်ကြမည့် မဲရုံမှူး၊ဒုတိယ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ​ရွေး​ကောက်ပွဲဆိုင်ရာ ဆင့်ပွားသင် တန်းကို ယ​နေ့နံနက် ၉နာရီခန့်က အထကကျိုက်မ​ရော​ကျောင်း၌ဖွင့်လှစ်ခဲ့သည်။

ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများ အစီအစဉ် လွှင့်တင်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက် ယာယီပိတ်ထားသည့်အတွက် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပြည်သူ့စာကြည့်တိုက်တွင် ကျန်းမာရေးအသိပညာပေး အစီအစဉ်ကို ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့၌ မီးဘေးအန္တရာယ်များနှင့် ပတ်သက်၍ အသိပညာပေး လိုက်လံနှိုးဆော်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ပွင့်လင်းရာသီရောက်ရှိပြီးဖြစ်၍ ပြည်သူများမီးဘေး အန္တရာယ်များနှင့်ပတ်သက်သော ကြိုတင်ကာကွယ်မှုလုပ်ငန်းများသိရှိနိုင်ရန်နှင့် မီးသတိရှိစေရန် ရည်ရွယ်၍ ယမန်နေ့က ပိုင်ကျုံမြို့ မီးသတ်ဦးစီဌာနမှ လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာလေးရွာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်လျက် ရှိသော စက်ရေးတူးဖော်ခြင်းလုပ်ငန်းများနှင့် မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီး

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာလေးရွာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ ကျပ်သန်း ၆၀ ကျော်ဖြင့် ဆောင်ရွက်လျက်ရှိသော စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများနှင့် မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ညောင်တုန်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံသို့ မဲရုံသုံးပစ္စည်းများထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ အား မဲရုံသုံးစ္စည်းများကို အောက်တိုဘာလ ၂၆ ရက်နေ့ နှင့် ၂၇ ရက်နေ့တို့တွင် နံနက် ၉ နာရီမှ စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

လှိုင်းဘွဲမြို့နယ်တွင် အထူးရဲသင်တန်းဖွင့်လှစ်သင်ကြားနေမှုအား ပြည်နယ်ရဲတပ်ဖွဲ့မှူးက ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကာလတွင် မဲရုံအသီးသီး၌ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲ

စစ်ကိုင်းမြို့နယ် ရဲမှုထမ်းဟောင်းများအား အခြေခံစားသောက်ကုန်များထောက်ပံ့ပေးအပ်

ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့ နယ်မြေအတွင်းရှိ ရဲမှုထမ်းဟောင်းများအား တပ်မတော်မှ ထောက်ပံ့ပေးအပ်သည့် အခြေခံစားသောက် ကုန်များ လက်ဝယ်အရောက် ပေးအပ်ခြင်းကို ယနေ့၊ နံနက်ပိုင်းက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲရင့်ရိပ်သာ ခန်းမအတွင်း ပေးအပ်ခဲ့ကြောင်းသိရသည်။

လှိုင်းဘွဲမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ သိရှိလိုက်နာရမည့် အချက်များအား အသိပညာပေးဆင့်ပွားသင်တန်းကို ယမန်နေ့က လှိုင်းဘွဲမြို့(ဃ)ရပ်ကွက်၊ ကွမ်တာ၊ ကမော့ကချူး၊ သာယာကုန်း၊ အောက်ရေပူ၊ တဝန်ဖန်ရ ကျေးရွာများတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။

ကျောက်တလုံးကြီးမြို့ဈေး၌နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာရေးအရှိန်အဟုန်မြှင့်ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးနှင့်ကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် နှာခေါင်းစည်း(Mask)မဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရာတွင် ယနေ့ နံနက်၆နာခွဲခန့်က ကျောက်တလုံးကြီးမြို့ဈေးနှင့် ဈေးအရှေ့ရှိကျောက်တလုံးကြီး- တောင်ကြီး ပြည်ထောင်စုကားလမ်းမကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကသာခရိုင် ဗန်းမောက်မြို့နယ် ပန်းတောနည်းပညာပေးစင်တာအတွင်း စိုက်ပျိုးနည်းစနစ်များ နှင့် မိုးစပါးရိတ်သိမ်းချိန်လွန် နည်းပညာပေးဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ပန်းတောနည်းပညာပေးစင်တာ အတွင်းရှိ စိုက်ပျိုးနည်းစနစ်များနှင့် မိုးစပါးရိတ်သိမ်းချိန်လွန် နည်းပညာပေးခြင်းလုပ်ငန်းများ ကွင်း ဆင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကိုင်းကြီးကျေးရွာအုပ်စုဥက္ကဌ ဦးခိုင်ဇော်ဝင်း နေအိမ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to