ရေနံချောင်းမြို့နယ်တွင် ရေဘေးသင့်အိမ်ထောင်စု ၃၀ အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများပေးအပ်
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ဩဂုတ်လ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့က မိုးသည်းထန်စွာ ရွာသွန်း မှုနှင့် မြစ်ရေဝင်ရောက်မှုတို့ကြောင့် ရေဘေးသင့်ခဲ့သည့် မိန်းမလှကျွန်းကျေးရွာနှင့် လမ်းလုပ်သားအိမ် ထောင်စု ၃၀ အတွက် မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဆန်ရိက္ခာဖိုးထောက်ပံ့ ငွေများ ပေးအပ်ခြင်းကို ယနေ့မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ခန်းမ၌ ပြုလုပ်ခဲ့ သည်။