ဇလွန်မြို့၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်များအတွက် ကယ်ဆယ်ရေး ရန်ပုံငွေ ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စုဝင်များအတွက် ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ သည်။

ငါ့သရောက်မြို့၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၌ လာမည့်နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါဒီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး/ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆင့်ပွားသင်တန်း ပို့ချခြင်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က(ငါ့သရောက်)၊ အ.ထ.က(ခွဲ) ဆည်နှင့် အ.ထ.က(ခွဲ) ဖလန်ကန်ကျောင်းတို့ တွင် ဖွင့်လှစ်ပို့ချခဲ့သည်။

စည်ပင်သာယာရဲတပ်ဖွဲ့(နေပြည်တော်)မှ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရေးအတွက် စည်ပင်သာယာရဲတပ်ဖွဲ့(နေပြည်တော်)မှ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲတွင် နေပြည်တော် ခုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်၌ ဆောင်ရွက်ခဲ့ကြသည်။

မြစ်သားမြို့၌ ကြိုတင်ဆန္ဒမဲပုံးလုံခြုံရေးအတွက် ချိတ်ပိတ်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မဲဆန္ဒနယ်ပြင်ပရောက် ပြည်တွင်း/ပြည်ပမဲဆန္ဒရှင် များထံမှလက်ခံရရှိသော ကြိုတင်ဆန္ဒမဲလက်မှတ်များ ဆန္ဒပြုရန်ပြန်လည်ပေးပို့လာသည့် ဆန္ဒမဲလက်မှတ်များအား ကြိုတင်မဲပုံးအတွင်းထည့်၍ မဲပုံးလုံခြုံရေး ချိတ်ပိတ်ခြင်းများကို ယမန်နေ့ ညနေက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်မြို့ ပြည်သူ့ဆေးရုံသို့ ကုသရေးလုပ်ငန်းသုံးပစ္စည်းများ လှူဒါန်းခြင်းနှင့် ကျောင်းတိုက်များသို့ အလှူငွေများလှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါ ကုသရေး လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ကုသရေးသုံးပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ဆေးရုံအုပ်ကြီး၏ ရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သထုံခရိုင် ကျိုက်ထိုမြို့နယ်တွင် မဲရုံမှူးနှင့်ဒုတိယမဲရုံမှူးများအားရွေးကောက်ပွဲဆိုင်ရာ သင်တန်း ဖွင့်လှစ်

သထုံခရိုင်၊ကျိုက်ထိုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့် ဒု- မဲရုံမှူးများအား​ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယ​နေ့နံနက် ၉ နာရီအချိန်က မြိုနယ်သာသနာ့ဗိမ္မန်၌ ကျင်းပပြု လုပ်သည်။

တောင်သာမြို့နယ် ကျောက်ချောဂိတ်မှ ကုန်တင်ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များအား Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါရှိ/မရှိစစ်ဆေး

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုမရှိစေ ရေးအတွက် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား ကျောက်ချောစစ်ဆေး ရေးဂိတ်တွင် Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးလျက်ရှိကြောင်းသိရသည်။

ထန်းတပင်မြို့နယ် အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲပုံးနှင့် မဲရုံသုံးပစ္စည်းများထုတ်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် မဲရုံသုံးပစ္စည်းများကို ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးက ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ယနေ့ နံနက် ၇ နာရီအချိန်က ထုတ်ပေးခဲ့ကြောင်း သိရသည်။

နွားထိုးကြီးမြို့နယ်၌ မဲလက်မှတ်များနှင့် ဆက်စပ်ပစ္စည်းများထုတ်ပေး

နွားထိုးကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေအလိုက် ဆန္ဒမဲပေးနိုင်ရန် မဲလက်မှတ်များ၊ မဲပုံးများနှင့် ဆက်စပ်ပစ္စည်းများ ထုတ်ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ မဲရုံအလိုက် မဲရုံသုံးပစ္စည်းများထုတ်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to