ယင်းမာပင်ခရိုင် ပုလဲမြို့နယ်၌ ကြိုတင်ဆန္ဒမဲပုံးများကို လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကိုယ်စား လှယ်များရှေ့တွင် လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ ပုလဲရတနာခန်းမ၌ယနေ့ နံနက် ၉ နာရီက၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်များ ထည့်မည့် ကြိုတင် ဆန္ဒမဲပုံးများကို အလွတ်ဖြစ်ကြောင်း ပြသပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကိုယ်စားလှယ် များရှေ့တွင် လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်တပ်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။