စစ်ကိုင်း အောက်တိုဘာ၂၇
ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့ နယ်မြေအတွင်းရှိ ရဲမှုထမ်းဟောင်းများအား တပ်မတော်မှ ထောက်ပံ့ပေးအပ်သည့် အခြေခံစားသောက် ကုန်များ လက်ဝယ်အရောက် ပေးအပ်ခြင်းကို ယနေ့၊ နံနက်ပိုင်းက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲရင့်ရိပ်သာ ခန်းမအတွင်း ပေးအပ်ခဲ့ကြောင်းသိရသည်။
" ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလမှာ တပ်မတော်က ထောက်ပံ့ပေးအပ်တဲ့ အခြေခံ စားသောက်ကုန်များဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ (၄)မျိုးကို ရဲမှုထမ်းဟောင်း(၂၄)ဦးတို့အား လက်ဝယ် အရောက် ထောက်ပံ့ပေးတာပါ ဒီကာလတွေမှာတော့ စားရေးသောက်တာနဲ့ ပတ်သက်ပြီး တစ်ဖက်တစ် လမ်းကနေ အထောက်အကူပြုစေမှာပါ " ဟု စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမိုးနိုင်က ပြောပြ၍ သိရသည်။
အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တာဝန်ရှိသူများ၊ ရဲမှုထမ်းဟောင်းများနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြကြောင်းသိရသည်။
ဇော်မြင့်နိုင်