ပိုင်ကျုံ အောက်တိုဘာ ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ပွင့်လင်းရာသီရောက်ရှိပြီးဖြစ်၍ ပြည်သူများမီးဘေး အန္တရာယ်များနှင့်ပတ်သက်သော ကြိုတင်ကာကွယ်မှုလုပ်ငန်းများသိရှိနိုင်ရန်နှင့် မီးသတိရှိစေရန် ရည်ရွယ်၍ ယမန်နေ့က ပိုင်ကျုံမြို့ မီးသတ်ဦးစီဌာနမှ လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ လိုက်လံအသိပညာပေးနှိုးဆော်ရာတွင် ပိုင်ကျုံမြို့လက်ထောက်မီးသတ်ဦးစီးမှူး ဦးစောထီးမူး ဂျူးနှင့် မီးသတ်တပ်ဖွဲ့၀င်များက ပိုင်ကျုံမြို့အတွင်းရှိ ပြည်သူများအနေဖြင့် ပွင့်လင်းရာသီ ရောက်ရှိပြီး ဖြစ်၍ မီးဘေးအန္တရာယ်ပိုမိုသတိပြုရန်၊ မီးသတ်ဆေးဗူးအသုံးပြုနည်းများ၊ စက်သုံးဆီဆိုင်များအား စနစ်တကျရောင်းချမှုရှိ/ရှိ စစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများနှင့် ဆောင်ရန်/ရှောင်ရန်များအား မြို့ပေါ်(၅)ရပ်ကွက်တွင် စပီကာဖြင့် လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)