မွန်ပြည်နယ် ကျိုက်မ​ရောမြို့နယ်တွင် မဲရုံမှူး၊ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ​ရွေး​ကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်

ကျိုက်မ​ရော  ​အောက်တိုဘာ   ၂၇

မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုက​ရေစီ အ​ထွေ​ထွေ ​ရွေး​ကောက်ပွဲတွင် မဲရုံ အသီးသီး၌ တာဝန်ထမ်း​ဆောင်ကြမည့် မဲရုံမှူး၊ဒုတိယ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ​ရွေး​ကောက်ပွဲဆိုင်ရာ ဆင့်ပွားသင် တန်းကို ယ​နေ့နံနက် ၉နာရီခန့်က အထကကျိုက်မ​ရော​ကျောင်း၌ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ကျိုက်မ​ရော မြို့နယ် အ​ထွေ ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်​ရေးမှူးဦး​ကျော်မြင့် ကအဖွင့်အမှာစကား​ပြောကြားပြီး မြို့နယ်ပညာ​ရေးမှူး ​ ​ဒေါ်စုစုဌေး က​ရွေး​ကောက်ပွဲဆိုင်ရာသင်တန်းနှင့်ပတ်သက်၍ရှင်းလင်း​ပြောကြားခဲ့သည်။
သင်တန်းတွင် ​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲခွဲဥက္ကဋ္ဌနှင့်မြို့နယ် အဖွဲခွဲအတွင်းရေးမှူးနှင့် အဖွဲ့ဝင် သင်တန်းနည်းပြ ၄ဦးတို့ကကျိုက်မ​ရော မြို့နယ်အတွင်း မဲရုံများတွင် တာဝန်ထမ်း​ဆောင် ကြမည့်မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်တို့၏တာဝန်နှင့်ဝတ္တရားများ မဲရုံမှူးများ ပုံစံ(၁၆) ရေးသွင်းခြင်းနှင့်ခိုင်လုံမဲ၊ ပယ်မဲနမူနာ ပုံစံများ၊ကိုဗစ်- ၁၉ ​ရောဂါ ကာကွယ်​ရေး အတွက် မဲရုံ  တာဝန်ရှိသူများနှင့်မဲ​ပေးသူများလိုက်နာရမည့်စည်းကမ်းချက်များစသည့် မဲရုံဆိုင်ရာလုပ်ငန်းစဉ် များကိုစာ​တွေ့လက်​တွေ့သင်ကြားပို့ချသွားမည်ဖြစ်​ကြောင်းသိရသည်။
သင်တန်းသို့ ရပ်ကွက်/​ကျေးရွာ အုပ်စုရှိမဲရုံ ၉၈ရုံ မှ မဲရုံမှူး၊ဒုတိယမဲရုံမှူး သင်တန်းသား/ သင်တန်းသူ(၁၉၆)ဦးတို့ တက်​ရောက်ခဲ့​ကြောင်းမြို့နယ် ​ရွေး​ကောက်ပွဲ ​ကော်မရှင် အဖွဲ့ခွဲရုံးမှသိရသည်။
ချို ချို ( ပြန်/ဆက်)